Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး မှာ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူအချို့ရဲ့ အုတ်ဂူတွေ ဖျက်ဆီးခံရ

မြှုပ်နှံရာမှာ ကျဆုံးသူတွေကို လူထုက နွေဦးတော်လှန်ရေးသူရဲကောင်းအဖြစ် ကဗ္ဗည်းတင်ပြီး ဓာတ်ပုံ ၊အမည် ၊ ကျဆုံးတဲ့ ရက်စွဲ တို့ကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

မန္တလေးမှာ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူတွေကို မြုပ်နှံထားရာ အေးရိပ်ငြိမ်သုသာန်က အုတ်ဂူအချို့ ဖျက်ဆီးခံလိုက်ရပါတယ်။

အေးရိပ်ငြိမ်သုသာန်ဟာ ပုသိမ်ကြီးမြို့နယ်ထဲမှာ ရှိတာပါ။ အဲဒီသုသာန်မှာ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အုပ်စုလက်ချက်ကြောင့် ကျဆုံးသွားသူတွေကို မြုပ်နှံထားပါတယ်။

မြှုပ်နှံရာမှာ ကျဆုံးသူတွေကို လူထုက နွေဦးတော်လှန်ရေးသူရဲကောင်းအဖြစ် ကဗ္ဗည်းတင်ပြီး ဓာတ်ပုံ ၊အမည် ၊ ကျဆုံးတဲ့ ရက်စွဲ တို့ကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

အဲဒီအုတ်ဂူတွေမှာ နွေဦးတော်လှန်ရေးသူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားတဲ့စာတမ်းကိုသဘောၤဆေးနဲ့ဖျက်ပစ်ကာ အမည်နဲ့ ဓာတ်ပုံကို ချန်ထားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီလို ဖျက်ဆီးခံရတဲ့ ဓာတ်ပုံတွေဟာလည်း လူမှုကွန်ရက်မှာ ပျံနှံ့လာပြီး ဒီလုပ်ရပ်အပေါ် ရှုတ်ချတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။