Connect with us

Hi, what are you looking for?

News

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီထုတ်ကုန်များ ရောင်းချခြင်းမပြုရန် ကွင်းဆင်းအသိပေး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြု့နယ်အတွင်း စစ်ကောင်စီထုတ်ကုန်များ ရောင်းချခြင်းမပြုရန် ဖေဖော်ဝါရီ၁၁ရက်နှင့် ၁၂ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန် သည်။

ဓာတ်ပုံ - ဖယ်ခုံ PDF

ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဖေဖော်ဝါရီ ၃ရက်တွင် စာထုတ်ပြန်၍ ဖယ်ခုံမြို့နယ်အတွင်းရှိ ဈေးဆိုင်များအနေဖြင့် စစ်ကောင်စီ၏ အကျိုးစီးပွားဖြစ်သော တချို့ထုတ်ကုန်များကို ဖေဖော်ဝါရီ ၂၈ရက်မှ ထပ်မံတင်သွင်း ရောင်းချခြင်းမပြုရန် တားမြစ်စာထုတ်ပြန်ခဲ့မှုအပေါ် ကွင်းဆင်းအသိ ပေးခြင်းဖြစ်သည်ဟုဆိုသည်။

ထုတ်ပြန်ချက်အတိုင်း ပြည်သူများအခက်ခဲမရှိဘဲလိုက်နာ‌နိုင်‌ရန်အတွက် ပအဖနှင့် ဖယ်ခုံ PDF တပ်ခွဲ(၁)၊(၂)နှင့် (၃)တို့ ပူးပေါင်း၍ စစ်ကောင်စီထုတ်ကုန်များကို ရောင်းချခြင်းမပြုရန်နှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် ကြိုတင်ကွင်းဆင်း အသိပေးခဲ့ရာ ကြိုတင်ကွင်းဆင်းအစီစဉ်တွင် အခက်ခဲတစ်စုံတရာမရှိဘဲ ပြည်သူများက ပူးပေါင်းပါဝင်လိုကြသည်ကို တွေ့ရသည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီထုတ်ကုန်များ ရောင်းဝယ်သယ်ယူခြင်းမပြုရန် ဒေသအသီးသီးရှိ ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့က တားမြစ်ထားသည်။ ထို့ပြင် စစ်ကောင်စီဝင်ငွေ ထောက်တိုင်များအားလုံးကို သပိတ်မှောက် ဆန့်ကျင်ရာ၌ ပြည်သူလူထုအားလုံးပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook