စစ်ကောင်စီကျင်းပသည့် မြန်မာ့သိုင်းပြိုင်ပွဲတွင် မင်းတပ်မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူများကို အမျိုးသားရေးသစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြည်နယ်၊တိုင်း မြန်မာ့သိုင်းပြိုင်ပွဲကို အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ရက်က ဦးစီးကျင်းပနေခဲ့ပြီး ထိုပွဲကို မင်းတပ်ကိုယ်စားပြုအဖွဲ့အား ဦးရှိမှုန်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဦးဆောင်သူ ဦးရှိမှုန်နှင့် မြို့နယ်ကိုယ်စားပြုအမည်ခံအားကစားသများအားလုံးကို အမျိုးသားရေးသစ္စာဖောက်အဖြစ် သတ်မှတ်ကြေညာသည်ဟုဖော်ပြထားသည်။ ထိုပြင် အမျိုးသားသစ္စာဖောက်များတွင် တိုင်းနှင့် ပြည်နယ်များမှ မြန်မာ့သိုင်း ပြိုင်ပွဲပါဝင်သူများလည်း ပါဝင်သည်ဟု မင်းတပ်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဆိုထားသည်။
“ဒီတော်လှန်ရေးမှာ ရန်သူနဲ့ မိတ်ဆွေဘဲရှိတယ်၊ ပြည်သူဆန္ဒကို ဆန့်ကျင်တဲ့ ဖက်မှာနေရင် ပြည်သူ့ရန်သူဘဲ။”ဟု မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က အမျိုးသားသစ္စာဖောက်များအဖြစ် ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။
အကြမ်ဖက်စစ်ကောင်စီက ၂၀၂၁ တွင် အာဏာလုယူပြီးနောက်ပြည်သူများက၎င်းတို့အုပ်ချုပ်မှုကို ခုခံတော်လှန်ကာဆန့်ကျင်နေသဖြင့် အုပ်ချုပ်မရဖြစ်နေသောအခြေအနေတွင် စစ်အုပ်ချုပ်ရးကို ပြည်သူများလက်ခံ အညံခံလာအောင် အကြမ်းဖက်တိုက်ခိုက်သောနည်းလမ်းကိုအသုံးပြုသလို ၊သီးချင်းဆိုပြိုင်ပွဲ ၊ဘောလုံးပြိုင်ပွဲ၊သိုင်းပြိုင်ပွဲ စက်ဘီးစီးပြိုင်ပွဲစသဖြင့် ခေါင်းစဥ်မျိုးစုံတပ်၍ ပါဝါအပျော့ဖြင့် ပြည်သူများအညံ့ခံလာအောင် ကြိုးစားနေခြင်းဖြစ်သည်။
