Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီသိုင်းပြိုင်ပွဲ ဝင်ပြိုင်သူများကို မင်းတပ်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က အမျိုးသား​ရေးသစ္စာ​ဖောက်အဖြစ်​ ကြေညာ

နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြည်နယ်၊တိုင်း မြန်မာ့သိုင်းပြိုင်ပွဲကို အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ရက်က ဦးစီးကျင်းပနေခဲ့ပြီး ထိုပွဲကို မင်းတပ်ကိုယ်စားပြုအဖွဲ့အား ဦးရှိမှုန်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီကျင်းပသည့် မြန်မာ့သိုင်းပြိုင်ပွဲတွင် မင်းတပ်မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူများကို အမျိုးသားရေးသစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြည်နယ်၊တိုင်း မြန်မာ့သိုင်းပြိုင်ပွဲကို အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ရက်က ဦးစီးကျင်းပနေခဲ့ပြီး ထိုပွဲကို မင်းတပ်ကိုယ်စားပြုအဖွဲ့အား ဦးရှိမှုန်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဦးဆောင်သူ ဦးရှိမှုန်နှင့် မြို့နယ်ကိုယ်စားပြုအမည်ခံအားကစားသများအားလုံးကို အမျိုးသားရေးသစ္စာဖောက်အဖြစ် သတ်မှတ်ကြေညာသည်ဟု​ဖော်ပြထားသည်။ ထိုပြင် အမျိုးသားသစ္စာဖောက်များတွင် တိုင်းနှင့် ပြည်နယ်များမှ မြန်မာ့သိုင်း ပြိုင်ပွဲပါဝင်သူများလည်း ပါဝင်သည်ဟု မင်းတပ်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဆိုထားသည်။

“ဒီတော်လှန်ရေးမှာ ရန်သူနဲ့ မိတ်ဆွေဘဲရှိတယ်၊ ပြည်သူဆန္ဒကို ဆန့်ကျင်တဲ့ ဖက်မှာနေရင် ပြည်သူ့ရန်သူဘဲ။”ဟု မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က အမျိုးသားသစ္စာဖောက်များအဖြစ် ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

အကြမ်ဖက်စစ်​ကောင်စီက ၂၀၂၁ တွင် အာဏာလုယူပြီး​နောက်ပြည်သူများက၎င်းတို့အုပ်ချုပ်မှုကို ခုခံ​တော်လှန်ကာဆန့်ကျင်​နေသဖြင့် ​အုပ်ချုပ်မရဖြစ်​နေ​သောအ​ခြေအ​နေတွင် စစ်အုပ်ချုပ်ရးကို ပြည်သူများလက်ခံ အညံခံလာ​အောင် အကြမ်းဖက်တိုက်ခိုက်​သောနည်းလမ်းကိုအသုံးပြုသလို ၊သီးချင်းဆိုပြိုင်ပွဲ ၊​ဘောလုံးပြိုင်ပွဲ၊သိုင်းပြိုင်ပွဲ စက်ဘီးစီးပြိုင်ပွဲစသဖြင့်​ ခေါင်းစဥ်မျိုးစုံတပ်၍ ပါဝါအ​ပျော့ဖြင့် ပြည်သူများအညံ့ခံလာ​အောင် ကြိုးစား​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook