Connect with us

Hi, what are you looking for?

News

တိုက်ပွဲသုံးရက်အတွင်း စစ်ကောင်စီတပ်မှ ၂၅ဦးခန့်သေဟု ဆော PDF ထုတ်ပြန်

ဖေဖော်ဝါရီ ၇ရက်မှ ၁၃ရက်အထိ တစ်ပတ်အတွင်း စစ်ရေးအခြေအနေကို ဆော PDFက ထုတ်ပြန်ရာ ဖေဖော်ဝါရီ ၁၂ရက်မှ ၁၃ရက် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ခဲ့သည့် အခြေအနေကို ဖော်ပြထားသည်။

မကွေးတိုင်း ဆောမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၅ဦးခန့် သေဆုံးပြီး ၁၅ဦးခန့်ဒဏ်ရာရခဲ့သည်ဟု ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၇ရက်မှ ၁၃ရက်အထိ တစ်ပတ်အတွင်း စစ်ရေးအခြေအနေကို ဆော PDFက ထုတ်ပြန်ရာ ဖေဖော်ဝါရီ ၁၂ရက်မှ ၁၃ရက် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ခဲ့သည့် အခြေအနေကို ဖော်ပြထားသည်။

အဆိုပါ တစ်ပတ်အတွင်း တိုက်ပွဲများ၌ ဆော PDFတစ်ဖွဲ့တည်း တိုက်ခိုက်သည့် တိုက်ပွဲများ ရှိသကဲ့သို့ ဆော PDFနှင့်အတူ YDF(saw & kyaukhtu),CDF Kanpetlet တပ်ဖွဲ့ဝင်များနှင့်အတူ တိုက်ခိုက်သည့် တိုက်ပွဲများလည်း ရှိခဲ့သည်ဟု ဆိုသည်။ ယခုတိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးမှုမရှိဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၇ရက်က ကျောက်ထုအမြှောက်တပ်မှ ဆောဘက်သို့ ထွက်ခွာလာသော အင်အား ၃၀၀ခန့်ပါ စစ်ကောင်စီတပ်ယာဉ်တန်းအား ဖေဖော်ဝါရီ ၁၀ရက်က မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိမရှိကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၁ရက် နံနက်ပိုင်းတွင် ကံချောင်းတံတားနှင့် ဆောမြို့ကြားတွင် ဆော PDF မှ လက်နက်ကြီး များမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ယင်းနေ့၌ပင် ဆောမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၁ရက် နှင့် ၁၂ရက်တို့တွင် ဆော PDF၊ မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်တို့ ထိတွေ့တိုက်ပွဲများ ရှိခဲ့ရာ ရန်သူဘက်မှ ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု ဆော PDFက ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းတွင်လည်း ပူးပေါင်း တပ်က ရပ်နားနေသည့် စစ်ကောင်စီ ယာဉ်တန်းအား လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် မိနစ် ၃၀ ခန့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ တုံ့ပြန်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

ယနေ့ (ဖေဖော်ဝါရီ၁၄)ရက်တွင် ဆောမြို့ထဲသို့၀င်သွားကြသည့် ၁၆ စီး ပါ စစ်ယာဉ်တန်းတွင် လေးစီး ထိခိုက်ပျက်စီးနေသည်ဟု သတင်းရထားကြောင်းလည်း ဆော PDFက ထုတ်ပြန်သည်။

လက်နက်အင်အားမမျှသဖြင့်အကြမ်းဖက် ဖက်ဆစ်စစ်ကြောင်းအားအပြည့်အ၀ မတားဆီးနိုင် သည့်အတွက်ဒေသတွင်းပြည်သူများအား အနူးညွတ်တောင်းပန်သည်ဟုလည်း ဖော်ပြထား သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook