Connect with us

Hi, what are you looking for?

News

မုံရွာ – မန္တ​လေးလမ်းမ​​ပေါ်တွင် PDFများက စစ်​ကောင်စီတပ်ကို သုံးကြိမ်တိုက်ခိုက်

ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းအကုန်မကွဲသည့်အတွက် အကျအဆုံးနည်းနိုင်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးစာမျက်နှာသို့ ဖြေကြားထားသည်။

(ယခင်လပိုင်းအတွင်းက မုံရွာ-မန္တလေးလမ်းပေါ် ပစ်ခတ်မှုများဖြစ်ပွားနေ၍ ကားတန်းများစောင့်ဆိုင်းနေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း စစ်ကိုင်းနှင့် ချောင်းဦးမြို့နယ်များရှိ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့အား သုံးကြိမ်တိုင်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန် သည်။

ယနေ့(ဖေဖော်ဝါရီ ၁၅) နံနက်ပိုင်းက မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ရောက်ရှိနေသော ချောင်းဦး PDF တပ်ခွဲ(၁)မှ ရဲဘော်များနှင့် အဆိုပါနေရာတွင် ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲငယ်ဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင် တစ်ဦးသေဆုံးခဲ့ပြီး ရဲဘော်များအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုဖြစ်စဥ်ကြောင့် အဆိုပါနေရာသို့ ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

“နယ်မြေဒေသကြောင့် အသေးစိတ်ပြောပြပေးလို့မရတာ နားလည်ပေးပါ”ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က လူထုနွေဦးသို့ ဖြေကြားသည်။

ယနေ့(ဖေဖော်ဝါရီလ) ၁၅ ရက်) နံနက် ၁၀နာရီခွဲခန့်ကလည်း မုံရွာ-မန္တလေးလမ်းအတိုင်း မုံရွာမြို့မှထွက်လာသော ၁၂စီးပါ စစ်ကောင်စီယာဥ်တန်းအား စစ်ကိုင်းမြို့နယ်အတွင်း စစ်ကိုင်း- ကံတလူ ရွှေတောင်တိုးဂိတ်ကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကိုင်းခရိုင်တပ်ရင်း(၃ )မှ ရဲဘော်များနှင့် စစ်ကိုင်းမြို့နယ်(ပ.က.ဖ) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးစာမျက်နှာက အသိပေးသည်။

Public Service Announcement

Public Service Announcement

(ယခင်လပိုင်းအတွင်းက မုံရွာ-မန္တလေးလမ်းပေါ် ပစ်ခတ်မှုများဖြစ်ပွားနေ၍ ကားတန်းများစောင့်ဆိုင်းနေစဥ်၊ ဓာတ်ပုံ – CJ)

ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းအကုန်မကွဲသည့်အတွက် အကျအဆုံးနည်းနိုင်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးစာမျက်နှာသို့ ဖြေကြားထားသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ နေ့ညမရွေးဖြတ်သန်းသွားချိန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု မကြာခဏခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook