Connect with us

Hi, what are you looking for?

News

မိုးကုတ် ဂွေးပင်ဂိတ်ပစ်ခတ်မှုမှာ စစ်ကောင်စီတပ် ထိခိုက်သေကျေမှုရှိ

ဒဏ်ရာပြင်းတဲ့သူတွေကိုတော့ သပိတ်ကျင်း ဖော့တောလမ်း ၇ မိုင်ဘက်မှာရှိတဲ့ ကုတင် ၁၀၀ စစ်ဆေးရုံကို ပို့ဆောင်တာတွေရှိတယ်လို့ဒေသခံအချို့ကဆိုပါတယ်။

People's Spring
People's Spring

မိုးကုတ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ဂွေးပင်ဂိတ် မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေကျေမှုရှိတယ်လို့သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် မိုးကုတ် အရှေ့ပိုင်းဆေးရုံကို ဒဏ်ရာနဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးရေ ၂၀ နီးပါးရှိတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ဒဏ်ရာပြင်းတဲ့သူတွေကိုတော့ သပိတ်ကျင်း ဖော့တောလမ်း ၇ မိုင်ဘက်မှာရှိတဲ့ ကုတင် ၁၀၀ စစ်ဆေးရုံကို ပို့ဆောင်တာတွေရှိတယ်လို့ဒေသခံအချို့ကဆိုပါတယ်။

ဒါအပြင် မိုးကုတ် -မန္တလေးကားလမ်း ဂွေးပင်ဘုရားအဆင်းအနီးမှာလည်း သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးရဲ့အလောင်းတွေကို တွေ့ခဲ့ရသူတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒါကိုတော့ သီးခြားအတည်မပြုနိုငသေးပါဘူး။

Public Service Announcement

Public Service Announcement

မနေ့က မနက်ပိုင်း ၅ နာရီလောက်ကစပြီး ဂွေးပင် ဂိတ်နားမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ။ ဒါကြောင့် အနီးပတ်ဝန်းကျင် ဂွေးပင်ရွာကဒေသခံတွေဟာလည်း ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက် မိုးကုတ် − မန္တလေး ကားလမ်းပိုင်းကိုပိတ်လိုက်သလို စစ်ဆေးတာတွေကိုလည်း ပြုလုပ်နေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook