Connect with us

Hi, what are you looking for?

News

ICJ အတွက် နိုင်ငံတကာဥပဒေပညာရှင်နှစ်ဦးပါဝင်သော ဥပဒေပညာရှင်အဖွဲ့ကို NUG ကြေညာ

NUG သည် ICJ အမှုကို ချောမွေ့စွာဆက်လက်ဆောင်ရွက်နိုင်ရန် ပဏာမကန့်ကွက်မှုများကို ရုပ်သိမ်းကြောင်းဆုံးဖြတ်ချက်ကို ရုံးတော်အားအကြောင်းကြားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ စွဲဆိုထားသော ဂမ်ဘီယာ- မြန်မာအမှုအတွက် နိုင်ငံတကာဥပဒေပညာရှင်နှစ်ဦးပါဝင်သော ဥပဒေပညာရှင်အဖွဲ့ကို ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်)ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံက ICJ တွင် ရင်ဆိုင်နေရသော ဂမ်ဘီယာ- မြန်မာအမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ၏တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပြီး ယင်းအမှုအတွက် ပါမောက္ခမစ္စတာဂျွန်မာ့စ်သူဗီနင်နှင့် မစ္စတာ စတီဗင်ပေါလက်စ်တို့ပါဝင်သော ဥပဒေပညာရှင်အဖွဲ့ကို ကြေညာလိုက်ခြင်းဖြစ်သည်။

NUG သည် အထက်ပါဥပဒေရေးရာအဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ ICJတွင် ရင်ဆိုင်လျက်ရှိသည့် အမှုကို ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပြီး NUGသည် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေသည့် အထောက်အထားများကို ဆက်လက်ရှာဖွေစုဆောင်းပြီး တင်ပြသွားမည်ဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

ထို့အပြင် ICC ၏ စီရင်ပိုင်ခွင့်အာဏာကို ၂၀၀၂ နောက်ပိုင်းကျူးလွန်သော Rome Statute တွင် အကျုံးဝင်သည့် ရာဇ၀တ်မှုအားလုံးအတွက် အပ်နှင်းပေးထားပြီး မြန်မာနိုင်ငံနှင့် ပြည်သူများ၏ ကောင်းကျိုးကို ရည်မျှော်၍ လူ့အခွင့်အရေးနှင့် တရားမျှတမှုကို အလေးထားသူအားလုံး၏ ပံ့ပိုးကူညီမှုအားလုံးကို ရယူကာ လက်တွဲကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း NUG ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

NUG သည် ICJ အမှုကို ချောမွေ့စွာဆက်လက်ဆောင်ရွက်နိုင်ရန် ပဏာမကန့်ကွက်မှုများကို ရုပ်သိမ်းကြောင်းဆုံးဖြတ်ချက်ကို ရုံးတော်အားအကြောင်းကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook