Connect with us

Hi, what are you looking for?

News

မောက်မယ် ကဒူးကြီးဒေသ၌ PNLOနှင့် RCSS တိုက်ပွဲဖြစ်

“အမှန်ဆို အရင်ကတည်းက ကျွန်တော်တို့ စာချုပ်ချုပ်ထားတာရှိတယ်။ ဒီ PNLO ဥက္ကဋ္ဌနဲ့ RCSS ဥက္ကဋ္ဌက နယ်မြေပြဿနာကို အပြန်အလှန် သတင်းပေးမှု နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားဖို့ ဆိုတာရှိတယ်။အခုက တိုက်ပွဲပြန်ဖြစ်တာတော့ မကောင်းဘူးပေါ့”ဟု ခွန်ထွန်းတင်က ပြောသည်။

ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)က သတင်းထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၁၆ရက်တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသ PNLO/PNLA(ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်) ထိန်းချုပ်နယ်မြေရှိ ရန်ကင်းရွာအနီးတွင် အကြောင်းကြားမှုမရှိဘဲ နယ်မြေကျူးကျော်လာသည့် RCSS တပ်က PNLA နယ်မြေလုံခြု့ရေးတပ်ဖွဲ့ကို စတင်ပစ်ခတ်ရာ ၂နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု PNLOက ထုတ်ပြန်သည်။

“မနေ့ညနဲ့ ဒီမနက်တော့ ဘာမှထပ်မကြားရသေးဘူး။ အထိအခိုက်ကတော့ ကျွန်တော်တို့ ဘက်မှာတော့ ဒဏ်ရာ နှစ်ယောက်တော့ရတယ်။ ဒါပေမဲ့ မစိုးရိမ်ရဘူး။ သူတို့ဘက်တော့ ကျွန်တော်တို့ မသိဘူး။ သူတို့က အရင်ပစ်တာ။ လမ်းပေါ်မှာ အရင်စောင့်ပစ်တော့ ကျွန်တော်တို့ဘက်က ဒဏ်ရာ ၂ယောက်ရတယ်။”ဟု PNLO တွဲဖက်အတွင်းရေးမှူး(၁) ခွန်ထွန်းတင်က ပြောသည်။

တိုက်ပွဲဖြစ်ပွားရခြင်းမှာ RCSSဘက်က ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အမှန်ဆို အရင်ကတည်းက ကျွန်တော်တို့ စာချုပ်ချုပ်ထားတာရှိတယ်။ ဒီ PNLO ဥက္ကဋ္ဌနဲ့ RCSS ဥက္ကဋ္ဌက နယ်မြေပြဿနာကို အပြန်အလှန် သတင်းပေးမှု နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားဖို့ ဆိုတာရှိတယ်။အခုက တိုက်ပွဲပြန်ဖြစ်တာတော့ မကောင်းဘူးပေါ့”ဟု ခွန်ထွန်းတင်က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်