Connect with us

Hi, what are you looking for?

News

မိုးဗြဲတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်​ကောင်စီက တောင်ကြီးအ​ခြေစိုက်တပ်များ စစ်ကူလွှတ်​

လက်ရှိ မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင် စီ၏ ပိတ်ဆို့ ထိုးစစ်ဆင်မှုကြောင့် အရပ်သားပြည်သူ သောင်းနှင့်ချီ၍ စစ်ပွဲအတွင်း ပိတ်မိနေကာ ဒဏ်ရာရရှိသူအများအပြားရှိနေကြောင်းလည်း မိုးဗြဲ မြို့လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

▪️မိုးဗြဲ​ဒေသခံ​သောင်းနှင့်ချီ မြို့တွင်းပိတ်ပိ​နေ

မိုးဗြဲမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီသည် တောင်ကြီးအခြေစိုက်တပ်ရင်းများမှ စစ်ကားအစီးရေ ၄၁ စီးဖြင့် ​စေလွှတ်၍ လာနေသည်ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၈ ရက်)နံနက် ၇ နာရီခန့် မိုးဗြဲမြို့ တောင်ဘက် ဝါရီဆူးပလိုင်ရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဥ်တစ်စီးလာရောက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“လောလောဆယ် တိုက်ပွဲပြင်းထန်နေတုန်းပဲလို့ လူထုကို အသိပေးချင်တယ်။ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကြိုးစားနေတယ်လို့လဲ ပြောချင်တယ်။ကျဆုံးခဲ့ရတာတွေလည်း သိလောက်ပြီ ထင်တယ်။ဒီတိုက်ပွဲအတွက် ပြည်သူ အားလုံး ဝိုင်းတွန်းကြပါလို့ပဲ တိုက် တွန်းချင်တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင် စီ၏ ပိတ်ဆို့ ထိုးစစ်ဆင်မှုကြောင့် အရပ်သားပြည်သူ သောင်းနှင့်ချီ၍ စစ်ပွဲအတွင်း ပိတ်မိနေကာ ဒဏ်ရာရရှိသူအများအပြားရှိနေကြောင်းလည်း မိုးဗြဲ မြို့လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

Public Service Announcement

“မနေ့က ဆို ပြည်သူခြောက်ဦးလက်နက်ကြီးရော၊လက်နက်ငယ် ကျည်ဆံ တွေပါမှန်တယ်။အရေးပေါ် ဆေးကုသတာတွေလုပ်ခဲ့ရတယ်။နောက်ပြီး စကစ က အခု မြို့အဝင်အထက်တွေ ပိတ်လိုက်တာကြောင့် မြို့တွင်နေသူတွေရဲ့ အန္တရာယ်က အရမ်းများနေတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် ယနေ့ နံနက်တွင် ဝါရီဆူးပလှိုင်ရွာရှိ နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့မှုများ ပြုလုပ်နေသည့်အတွက် နေအိမ် ရှစ်လုံးထက်မနည်း မီးလောင်ကျွမ်းနေသည်ဟုလည်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ဖေဖော်ဝါရီ ၁၅ ရက်ကစ၍ မိုးဗြဲမြို့နှင့်အနီးတဝိုက်သို့အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း မဟာမိတ်တပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ ဖေဖော် ဝါရီ ၁၆ရက်နှင့် ၁၇ရက်တွင် တိုက်ပွဲများပြင်းထန်ခဲ့သည်။

ဖေဖော်ဝါရီ ၁၇ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း သေဆုံးထိခိုက်မှုများပြားခဲ့ပြီး ပြည်သူ့တော် လှန်ရေးရဲဘော် ၂၀ ဦးခန့် ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။