Connect with us

Hi, what are you looking for?

News

နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်မိုင်းခွဲတိုက်ခိုက်ခံရပြီး ငါးဦးသေ

“တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာတွင် စစ်ခွေး ၂ လောင်းကျန်ခဲ့ပြီး ၃ လောင်းကို ဆွဲသွားကြောင်း အတည်ပြုသတင်းရရှိပါသည်”ဟု Phoniex PDF က အသိပေးသည်။

(နတ်တလင်းမြို့တွင် ၂၀၂၁ ​ဖေ​ဖော်ဝါရီလကစစ်အာဏာရှင် ဆန့်ကျင်​ရေးဆန္ဒပြ​ပွဲကိုပြည်သူအများအပြားပါဝင်ဆင်နွှဲခဲ့သည်။ ဓါတ်ပုံ-CJ)

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း ပြောက်ကျားတပ်ဖွဲ့ Phoniex PDF က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့(ဖေဖော်ဝါရီ ၁၇)ညနေပိုင်းက ပဲခူးရိုးမအနီး ရေကြည်အိုင်ရွာမှ သရက်မြိုင်ရွာဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

“တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာတွင် စစ်ခွေး ၂ လောင်းကျန်ခဲ့ပြီး ၃ လောင်းကို ဆွဲသွားကြောင်း အတည်ပြုသတင်းရရှိပါသည်”ဟု Phoniex PDF က အသိပေးသည်။

Public Service Announcement

ယခုနှစ် ဇန်နဝါရီလကလည်း အထက်ပါရေ ကြည်ရွာတွင် လာရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ယာယီစခန်းကို နတ်တလင်းမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ Phoniex PDF က ရှော့တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်​နေသော Phoniex PDF က ပဲခူး တိုင်းအနောက်ခြမ်းရှိ အခြားရဲဘော်များလည်း ထကြွပေးကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်