Connect with us

Hi, what are you looking for?

News

ဖယ်ခုံနယ်က ရွာလုံးကျွတ်ထွက်​ပြေး​နေတိမ်း​ရှောင်​နေရသည့် ဝှာရီဆူပလိုင် ရွာသူ၊ရွာသားများ

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ၊ တိုက်လေယာဥ်တို့ဖြင့် အင်အားသုံးတိုက်ခိုက်ခဲ့သောကြောင့် ဖေဖော်ဝါရီ၁၈ရက် တစ်ရက်အတွင်း မိုးဗြဲအပါအဝင် ဝှါရီဆူပလိုင် ကျေးရွာသူ၊ ရွာသား ထောင်နဲ့ချီဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဓာတ်ပုံ - KRC

ရှမ်း-ကယား(ကရင်နီ)ပြည်နယ် အစပ်ရှိ ဖယ်ခုံမြို့နယ် ဝှာရီဆူပလိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်သောကြောင့် ရွာသူ၊ ရွာသားများ မှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ​သည့် မြင်ကွင်းများကို KRCက အသိ​ပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ၊ တိုက်လေယာဥ်တို့ဖြင့် အင်အားသုံးတိုက်ခိုက်ခဲ့သောကြောင့် ဖေဖော်ဝါရီ၁၈ရက် တစ်ရက်အတွင်း မိုးဗြဲအပါအဝင် ဝှါရီဆူပလိုင် ကျေးရွာသူ၊ ရွာသား ထောင်နဲ့ချီဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကရင်နီပြည်နယ်(မိုးဗြဲ၊ ဖယ်ခုံ မြို့နယ်တို့ပါ ထည့်သွင်း တွက်ချက်ထား)တွင် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ နှစ်သိန်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့ကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်းလူမှုကူညီရေး အဖွဲ့တာဝန်ရှိသူများက တောင်းဆိုတိုက်တွန်း​နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ်ကကျေးရွာမီးရှို့လိုက်လို့ ထွက်ပြေးလာတဲ့ ဖယ်ခုံမြို့နယ် ဘောရန်ရွာဒေသခံအချို့ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ဘောရန်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားတွေက မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။