Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖယ်ခုံနယ်က ရွာလုံးကျွတ်ထွက်​ပြေး​နေတိမ်း​ရှောင်​နေရသည့် ဝှာရီဆူပလိုင် ရွာသူ၊ရွာသားများ

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ၊ တိုက်လေယာဥ်တို့ဖြင့် အင်အားသုံးတိုက်ခိုက်ခဲ့သောကြောင့် ဖေဖော်ဝါရီ၁၈ရက် တစ်ရက်အတွင်း မိုးဗြဲအပါအဝင် ဝှါရီဆူပလိုင် ကျေးရွာသူ၊ ရွာသား ထောင်နဲ့ချီဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဓာတ်ပုံ - KRC

ရှမ်း-ကယား(ကရင်နီ)ပြည်နယ် အစပ်ရှိ ဖယ်ခုံမြို့နယ် ဝှာရီဆူပလိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်သောကြောင့် ရွာသူ၊ ရွာသားများ မှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ​သည့် မြင်ကွင်းများကို KRCက အသိ​ပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ၊ တိုက်လေယာဥ်တို့ဖြင့် အင်အားသုံးတိုက်ခိုက်ခဲ့သောကြောင့် ဖေဖော်ဝါရီ၁၈ရက် တစ်ရက်အတွင်း မိုးဗြဲအပါအဝင် ဝှါရီဆူပလိုင် ကျေးရွာသူ၊ ရွာသား ထောင်နဲ့ချီဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကရင်နီပြည်နယ်(မိုးဗြဲ၊ ဖယ်ခုံ မြို့နယ်တို့ပါ ထည့်သွင်း တွက်ချက်ထား)တွင် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ နှစ်သိန်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့ကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်းလူမှုကူညီရေး အဖွဲ့တာဝန်ရှိသူများက တောင်းဆိုတိုက်တွန်း​နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ ကရင်နီပူးပေါင်းတပ်များ၏ ၁၁၁၁ စစ်ဆင် ရေး၌ လွိုင်ကော်၊မိုးဗြဲ နှင့် ဖယ်ခုံ ဒေသတို့တွင် စစ်ကောင်စီစခန်းနှင့်တပ်စွဲရာ နေရာ အခု ၂၀ ထက်မနည်း ကို သိမ်းပိုက်ထားသည်။

သတင်း

ယမန်နေ့(နိုဝင်ဘာ ၇ ရက်)နေ့လယ်က ဖယ်ခုံအခြေစိုက် ခမရ -၄၂၂ တပ်မှ တပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။

သတင်း

ပင်လောင်းနှင့်ဖယ်ခုံမြို့နယ်စပ်ရှိတောင်မဲသင်းရွာတွင် စစ်ကောင်စီက ​အောက်တိုဘာလ ဒုတိယပါတ်ကစ၍ အင်အား ၄၀၀ဖြင့် တပ်ဖြည့်ကာ ရောက်ရှိလာခြင်းဖြစ်သည်။

သတင်း

အသက် (၇၀) ဝန်းကျင်အရွယ်ဦးအောင်ဝင်းသည်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိမ်းရှောင်နေသူဖြစ်သည်။ ခံဝန်ထိုးရန် စစ်ကောင်စီ၏ကမ်းလှမ်းမှုအား ပယ်ချပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဟု ထားဝယ်မြို့ခံများကပြောသည်။