Connect with us

Hi, what are you looking for?

News

လွယ်စတုံးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၅ဦးထက်မနည်းသေ

ဖယ်ခုံ၊ မိုးဗြဲဒေသ၌ ပြည်သူ့တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့ ဖေဖော်ဝါရီ ၁၆ရက်မှစတင် တိုက်ပွဲပြင်းထန်ခဲ့ရာ ယမန်နေ့(ဖေဖော်ဝါရီ ၁၈ရက်)အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်။

▪️ဖလိုင်ရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်သေဆုံးမှုများနိုင်ပြီး တင့်ကား တစ်စီးပျက်စီးဟု မိုးဗြဲ PDF ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဖလိုင်နှင့် လွယ်စတုံးရွာ အနီးတိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြီး ပြည်သူ့ရဲဘော်အချို့ လည်း ထိခိုက်ကျဆုံးခဲ့ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ဖယ်ခုံ၊ မိုးဗြဲဒေသ၌ ပြည်သူ့တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့ ဖေဖော်ဝါရီ ၁၆ရက်မှစတင် တိုက်ပွဲပြင်းထန်ခဲ့ရာ ယမန်နေ့(ဖေဖော်ဝါရီ ၁၈ရက်)အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်။

ယမန်နေ့က လွယ်စတုံးရွာအနီး၌ တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်းနှင့် မိုးဗြဲPDF မှ ရဲဘော်နှစ်ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း မိုးဗြဲ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီး အဆမတန်အသုံးပြုခဲ့သည့်အပြင် ညနေပိုင်းတွင် ဖလိုင်ရွာအနီး ဖြစ်ပွားခဲ့သောတိုက်ပွဲ၌ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

ဖလိုင်ရွာအနီးဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ တင့်ကား(၁)စီး ပျက်စီးခဲ့ပြီး သေဆုံးမှု များပြားနိုင်ကြောင်း မိုးဗြဲ PDFက ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် ပြည်သူ့တော်လှန်ရေး ရဲဘော်များဘက်မှဒဏ်ရာရသူနှင့် ကျဆုံးသူအချို့ ရှိခဲ့သည်ဟု ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်သည်တိုက်ပွဲဖြစ်ပွားရာနေရာများရှိ ပြည်သူနေအိမ်များကို မီးရှို့ ဖျက်စီးလျက်ရှိပြီး တွေ့ရာ မြင်ရာ အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်‌ ဆောင်သွားခြင်း စသည့်စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက် ရှိသည်ဟု မိုးဗြဲ PDFက ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကလည်း ဖယ်ခုံဒေသ စစ်ရေးသတင်းကို ယမန်နေ့က ထုတ်ပြန်ခဲ့ရာ ဖေဖော်ဝါရီ ၁၈ရက်က ရှမ်းကယားနယ်စပ် ဝီသဲကူး (မြောက်ရွာ) ၌ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ အပါအဝင် ၂၅ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဖော်ပြသည်။ ဒီးမော့ဆို PDFမှ ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာရပြီး မဟာမိတ်ပူးပေါင်းတပ်မှလည်း ထိခိုက်မှုအချို့ရှိခဲ့သည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။