Connect with us

Hi, what are you looking for?

LuduNwayOo

News

လွယ်စတုံးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၅ဦးထက်မနည်းသေ

ဖယ်ခုံ၊ မိုးဗြဲဒေသ၌ ပြည်သူ့တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့ ဖေဖော်ဝါရီ ၁၆ရက်မှစတင် တိုက်ပွဲပြင်းထန်ခဲ့ရာ ယမန်နေ့(ဖေဖော်ဝါရီ ၁၈ရက်)အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်။

▪️ဖလိုင်ရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်သေဆုံးမှုများနိုင်ပြီး တင့်ကား တစ်စီးပျက်စီးဟု မိုးဗြဲ PDF ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဖလိုင်နှင့် လွယ်စတုံးရွာ အနီးတိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြီး ပြည်သူ့ရဲဘော်အချို့ လည်း ထိခိုက်ကျဆုံးခဲ့ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ဖယ်ခုံ၊ မိုးဗြဲဒေသ၌ ပြည်သူ့တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့ ဖေဖော်ဝါရီ ၁၆ရက်မှစတင် တိုက်ပွဲပြင်းထန်ခဲ့ရာ ယမန်နေ့(ဖေဖော်ဝါရီ ၁၈ရက်)အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်။

ယမန်နေ့က လွယ်စတုံးရွာအနီး၌ တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်းနှင့် မိုးဗြဲPDF မှ ရဲဘော်နှစ်ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း မိုးဗြဲ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီး အဆမတန်အသုံးပြုခဲ့သည့်အပြင် ညနေပိုင်းတွင် ဖလိုင်ရွာအနီး ဖြစ်ပွားခဲ့သောတိုက်ပွဲ၌ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

ဖလိုင်ရွာအနီးဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ တင့်ကား(၁)စီး ပျက်စီးခဲ့ပြီး သေဆုံးမှု များပြားနိုင်ကြောင်း မိုးဗြဲ PDFက ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် ပြည်သူ့တော်လှန်ရေး ရဲဘော်များဘက်မှဒဏ်ရာရသူနှင့် ကျဆုံးသူအချို့ ရှိခဲ့သည်ဟု ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်သည်တိုက်ပွဲဖြစ်ပွားရာနေရာများရှိ ပြည်သူနေအိမ်များကို မီးရှို့ ဖျက်စီးလျက်ရှိပြီး တွေ့ရာ မြင်ရာ အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်‌ ဆောင်သွားခြင်း စသည့်စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက် ရှိသည်ဟု မိုးဗြဲ PDFက ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကလည်း ဖယ်ခုံဒေသ စစ်ရေးသတင်းကို ယမန်နေ့က ထုတ်ပြန်ခဲ့ရာ ဖေဖော်ဝါရီ ၁၈ရက်က ရှမ်းကယားနယ်စပ် ဝီသဲကူး (မြောက်ရွာ) ၌ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ အပါအဝင် ၂၅ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဖော်ပြသည်။ ဒီးမော့ဆို PDFမှ ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာရပြီး မဟာမိတ်ပူးပေါင်းတပ်မှလည်း ထိခိုက်မှုအချို့ရှိခဲ့သည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။