Connect with us

Hi, what are you looking for?

News

အထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ်ဖြစ်မြောက်ရေး ပံ့ပိုးကူညီရန် စစ်ကောင်စီကို အာဆီယံတောင်းဆို

“မြန်မာ့အရေးနဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ်ရဲ့ တာဝန်တွေကို ဆောင်ရွက်ရာမှာ သက် ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ခွင့်ရှိရမယ်ဆိုတာကို ကျွန်ုပ်တို့ အသိအမှတ်ပြု သဘောတူပါတယ်” ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

▪️ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီအင်အားစုများနှင့်တွေ့ဆုံရန် မသေချာဟု အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးပြော

ပဋိပက္ခလျော့ကျရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ်များကို ပံ့ပိုးကူညီရန် စစ်ကောင်စီကို အာဆီယံက တောင်းဆိုလိုက်သည်။

ယခုသီတင်းပတ်တွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာချက်၌ ဘုံဆုံးဖြတ်ချက် ၅ ရပ်တိုးတက်မှုရှိရေး အထူးကိုယ်စားလှယ်၏ ပထမဆုံး ခရီးစဉ်ကို အမြန်ဆုံးစတင်ခြင်းဖြင့် ကိုယ်စားလှယ်အဖွဲ့ကို ပံ့ပိုးကူညီရန် စစ်ကောင်စီအား တောင်းဆိုထားခြင်းဖြစ်သည်။

“မြန်မာ့အရေးနဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ်ရဲ့ တာဝန်တွေကို ဆောင်ရွက်ရာမှာ သက် ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ခွင့်ရှိရမယ်ဆိုတာကို ကျွန်ုပ်တို့ အသိအမှတ်ပြု သဘောတူပါတယ်” ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် ယမန်နှစ်ထုတ်ပြန်ချက်နှင့်နှိုင်းယှဉ်ပါက ယခုထုတ်ပြန်ချက်ပါဝင်သော စကားလုံးများသည် (အာဆီယံဆုံးဖြတ်ချက် ၅ ရပ်ကို) မလိုက်နာ၊မလိုက်လျောသော မြန်မာစစ်ဗိုလ်ချုပ်များအား ချဉ်းကပ်မှုပုံစံပြောင်းလဲသွားပြီး အကျပ်အတည်းတွင် သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံနိုင် ရေး အထူးကိုယ်စားလှယ်ကိုခွင့်ပြုရန် စစ်ကောင်စီအပေါ်ဖိအားပေးမှုလျော့ကျသွားသည်။

အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကလည်း သက်ဆိုင်သူ အားလုံးနှင့်တွေ့ဆုံနိုင်ရေး စစ်ကောင်စီအပေါ် ကြိုတင်သတ်မှတ်ချက်မထားဘဲ မတ်လ ဒုတိယပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် ရည်ရွယ်ထားကြောင်း ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောသည်။

“ပထမဆုံးခရီးစဉ်မှာ လူတိုင်းနဲ့တွေ့ဖို့ မဖြစ်နိုင်ဘူးဆိုတာ ဖြစ်ကောင်းဖြစ်ပါမယ်။ ကျွန်တော်တို့ အရမ်းကြီးမျှော်လင့်မထားသင့်ဘူး” ဟု Prak Sokhonn က ပြောသည်။

ပြီးခဲ့သည့်နှစ် အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖယ်ရှားထိန်းသိမ်းခံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ရရေး အလျှော့မပေးစတမ်းတောင်းဆိုမှုကြောင့် စစ်ကောင်စီနှင့် အာဆီယံအကြား ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်ခဲ့သည့် အခြေအနေကို ကျော်လွှားရန် မတူညီသောချဉ်းကပ်မှု ပုံစံကို လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း Prak Sokhonn က ဆိုသည်။

ထို့အပြင် Kyodo News ကမြင်တွေ့ခဲ့ရသော ကနဦးထုတ်ပြန်ချက်မူကြမ်းတွင်ပါဝင်သည့် စကားလုံးများကို အပြီးသတ်ထုတ်ပြန်ချက်တွင် လျှော့ချထားကြောင်းတွေ့ရသည်။

အဆိုပါနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်သူများ၏အဆိုအရ နှောင့်နှေးကြန့်ကြာခဲ့သော အပြီးသတ်ထုတ်ပြန်ချက်၌ ကနဦးထုတ်ပြန်ချက်ပါ စကားလုံးများကို မြန်မာစစ်ကောင်စီက ဖယ်ရှားခဲ့သည်။

သို့သော် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာစစ်ကောင်စီက တက်ရောက်ခွင့်မရရှိခဲ့ဘဲ ထုတ်ပြန်ချက်ပါ စကားလုံးများကို မည်သို့ ဖယ်ရှားနိုင်ခဲ့သည်ကို ရှင်းလင်းစွာမသိရပေ။

တဖက်တွင်လည်း အာဆီယံအရာရှိများက Kyodo News ကို ပြောဆိုချက်များအရ အာဆီယံ၏ရပ်တည်ချက်သည် ပြောင်းလဲမှုမရှိဘဲ ဘုံဆုံးဖြတ်ချက် ၅ ရပ်အတိုင်းလုပ်ဆောင်မည်ဖြစ်ပြီး အထူးကိုယ်စားလှယ်၏ တွေ့ဆုံမှုများသည် သက်ဆိုင်သူအားလုံးနှင့်ဖြစ်ရမည်ဟု ဆိုသည်။

“ဒါပေမဲ့ အထူးကိုယ်စားလှယ်အနေနဲ့ တစ်ကြိမ်တည်းမှာ သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံတာထက် မြန်မာနိုင်ငံကို ပထမဆုံးသွားတာ နဲ့ မတူတဲ့အဖွဲ့တွေကြား ညှိနှိုင်းဆွေးနွေးတာလိုမျိုး ကွဲပြားခြားနားစွာလုပ်ဆောင်နိုင်ပါတယ်” ဟု အာဆီယံအရာရှိတစ်ဦးက ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏အစည်းအဝေးကာလအတွင်း အဖွဲ့ဝင်နိုင်ငံအများစုက အထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခြင်း၊ ဒီမိုကရေစီအင်အားစုများနှင့်ညှိနှိုင်းဆွေးနွေးခြင်းလုပ်ဆောင်သင့်ကြောင်း ထုတ်ဖော်ဆွေးနွေးခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် ရင်းမြစ်များက ပြောသည်။

ကိုးကား – ဘန်ကောက်ပို့စ်

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။