Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံ ထားဝယ်​ချောင်းရဲစခန်းတိုက်ခိုက်မှု စစ်​ကောင်စီတပ်သား ၁၀ဦးခန့်​သေနိုင်ဟု စစ်ဆင်​ရေးအဖွဲ့ခန့်မှန်း

ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ လိုက်လံပစ်ခတ်ခဲ့မှုအချို့ရှိခဲ့ပြီး စစ်ဆင်ရေးအဖွဲ့များအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိ​ပေးသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်ရဲစခန်း ဗုံးပစ်ပြီး စစ်ကူလာသည့်ကားပါ တိုက်ခိုက်ခဲ့၍ စစ်​ကောင်စီတပ်သား ၁၀ဦးခန့် သေဆုံးနိုင်ကြောင်း Spring Brothers Forceအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂၀)တွင် ထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးကို People’s Force (Yangon) အဖွဲ့နှင့် Spring Brothers Force အဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့(ဖေဖော်ဝါရီ ၁၉ ရက်) ည ၇နာရီခန့်တွင် ၄၀(မမ)နှစ်လုံးဖြင့် စတင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ကူရောက်ရှိလာသော စစ်ကောင်စီကားတန်းကို ၄၀(မမ)တစ်လုံး အဝေးထိန်းဗုံးလေးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကာ ကားတစ်စီးပျက်စီး၍ စစ်ကောင်စီတပ်သား ၁၀ဦးခန့် ကျနိုင်သည်ဟု စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် အဖွဲ့များက ခန့်မှန်းသည်။

သို့သော် အခြေအနေအကြောင်းအရင်းအမျိုးမျိုးကြောင့် အဝေးထိန်းတစ်လုံးသာ ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ လိုက်လံပစ်ခတ်ခဲ့မှုအချို့ရှိခဲ့ပြီး စစ်ဆင်ရေးအဖွဲ့များအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိ​ပေးသည်။

ထို့အပြင် ယမန်နေ့ညက သဃ်န်းကျွန်း၊တောင်ဥက္ကလာ၊သာကေတ၊တောင်ဒဂုံ၊ မြောက်ဒဂုံ ၊ အရှေ့ဒဂုံနှင့် လှိုင်သာယာတို့တွင် ပေါက်ကွဲမှုနှင့် သေနတ်သံများထွက်ပေါ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၉ ရက် ည ၉နာရီခန့်က လှိုင်သာယာ မြို့ နယ်တွင် ပေါက်ကွဲမှုမှာ အမှတ်(၅)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်