Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဒဂုံ ထားဝယ်​ချောင်းရဲစခန်းတိုက်ခိုက်မှု စစ်​ကောင်စီတပ်သား ၁၀ဦးခန့်​သေနိုင်ဟု စစ်ဆင်​ရေးအဖွဲ့ခန့်မှန်း

ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ လိုက်လံပစ်ခတ်ခဲ့မှုအချို့ရှိခဲ့ပြီး စစ်ဆင်ရေးအဖွဲ့များအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိ​ပေးသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်ရဲစခန်း ဗုံးပစ်ပြီး စစ်ကူလာသည့်ကားပါ တိုက်ခိုက်ခဲ့၍ စစ်​ကောင်စီတပ်သား ၁၀ဦးခန့် သေဆုံးနိုင်ကြောင်း Spring Brothers Forceအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂၀)တွင် ထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးကို People’s Force (Yangon) အဖွဲ့နှင့် Spring Brothers Force အဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့(ဖေဖော်ဝါရီ ၁၉ ရက်) ည ၇နာရီခန့်တွင် ၄၀(မမ)နှစ်လုံးဖြင့် စတင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ကူရောက်ရှိလာသော စစ်ကောင်စီကားတန်းကို ၄၀(မမ)တစ်လုံး အဝေးထိန်းဗုံးလေးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကာ ကားတစ်စီးပျက်စီး၍ စစ်ကောင်စီတပ်သား ၁၀ဦးခန့် ကျနိုင်သည်ဟု စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် အဖွဲ့များက ခန့်မှန်းသည်။

သို့သော် အခြေအနေအကြောင်းအရင်းအမျိုးမျိုးကြောင့် အဝေးထိန်းတစ်လုံးသာ ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ လိုက်လံပစ်ခတ်ခဲ့မှုအချို့ရှိခဲ့ပြီး စစ်ဆင်ရေးအဖွဲ့များအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိ​ပေးသည်။

ထို့အပြင် ယမန်နေ့ညက သဃ်န်းကျွန်း၊တောင်ဥက္ကလာ၊သာကေတ၊တောင်ဒဂုံ၊ မြောက်ဒဂုံ ၊ အရှေ့ဒဂုံနှင့် လှိုင်သာယာတို့တွင် ပေါက်ကွဲမှုနှင့် သေနတ်သံများထွက်ပေါ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၉ ရက် ည ၉နာရီခန့်က လှိုင်သာယာ မြို့ နယ်တွင် ပေါက်ကွဲမှုမှာ အမှတ်(၅)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။