Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်အား လက်နက်ရောင်းချနေမှုပိတ်ပင်ရန် ကုလလုံခြုံရေးကောင်စီကို အထူးအစီရင်ခံစာတင်သွင်းသူ တိုက်တွန်း

“စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကို ရပ်တန့်ဖို့ သူတို့ဆီ လက်နက်ဆီးဝင်မှု ပိတ်ဆို့ရေးက အစပြုရပါမယ်။ (အဲဒီလိုလုပ်ဆောင်ဖို့)ကမ္ဘာကြီးက နှောင့်နှေးလေလေ၊ မြန်မာနိုင်ငံမှာ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူတွေ များများသေလေလေဖြစ်ပါလိမ့်မယ်”ဟု Tom Andrews က ပြောသည်။

အရပ်သားများအပေါ် စစ်တပ်၏တိုက်ခိုက်မှုများကို အရှိန်မြှင့်ပေးသည့် လက်နက်များ ရောင်းချမှုရပ်တန့်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား မြန်မာ့အရေးအထူးအစီရင်ခံစာတင်သွင်းသူက တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က ယခုလကုန်တွင် စတင်မည့် ၄၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးအတွက် ယနေ့(ဖေဖော်ဝါရီ ၂၂ရက်)တွင် အစီရင်ခံစာတစ်စောင်တင်သွင်းရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက အကြမ်းဖက်စစ်ကောင်စီအား လက်နက်ရောင်းချနေမှုကို တားမြစ်ပိတ်ပင်ရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကို ရပ်တန့်ဖို့ သူတို့ဆီ လက်နက်ဆီးဝင်မှု ပိတ်ဆို့ရေးက အစပြုရပါမယ်။ (အဲဒီလိုလုပ်ဆောင်ဖို့)ကမ္ဘာကြီးက နှောင့်နှေးလေလေ၊ မြန်မာနိုင်ငံမှာ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူတွေ များများသေလေလေဖြစ်ပါလိမ့်မယ်”ဟု Tom Andrews က ပြောသည်။

ကုလအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ၏ အစီရင်ခံစာသစ်အရ အာဏာသိမ်းချိန် တတည်းက အရပ်သားများကို သတ်ဖြတ်ရန် အသုံးပြုသော လက်နက်များကို ထောက်ပံ့ပေးနေ သည့် နိုင်ငံများစာရင်းတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၂နိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများပါဝင်နေသည်။

Public Service Announcement

Public Service Announcement

၂၀၁၈နောက်ပိုင်း အကြမ်းဖက်စစ်တပ်ကို လက်နက်ပံ့ပိုးရောင်းချနေသည့် နိုင်ငံများစာရင်းတွင် တရုတ်၊ ရုရှား၊ ဆားဘီးယား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘီလာရုစ်၊ ယူကရိန်း၊ အစ္စရေး၊ တောင်ကိုရီးယားတို့ပါဝင်သည်ဟု အစီရင်ခံ စာ၌ ဖော်ပြသည်။ ယင်းတို့အနက် တရုတ်၊ ရုရှားနှင့် ဆားဘီးယားတို့သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း အကြမ်းဖက်မြန်မာစစ်တပ်ကို လက်နက် ရောင်းချနေသည်ဟု ကုလအထူးအစီရင်ခံစာတင်သွင်းသူက ပြောသည်။

ထို့အပြင် မြန်မာပြည်သူများက စစ်တပ်၏ထုတ်ကုန်များကို ကျယ်ပြန့်စွာသပိတ်မှောက်နေသကဲ့သို့ စစ်ကောင်စီ ၏ ဝင်ငွေရလမ်းများကို ဖြတ်တောက်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း စုစည်းညီညွတ်စွာ အရေးယူရန် Tom Andrewsက တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံထဲတွင်အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံကူညီပံ့ပိုးနေသော ရုရှားနှင့် တရုတ်နိုင်ငံတို့ ရှိနေသည်။

သတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန်သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ထပ်လောင်း တောင်းဆိုသည်။

သတင်း

စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် မဆင်မခြင်တိုက်ခိုက်နေမှုများအား တားဆီးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို Fortify Rights က ယနေ့(အောက်တိုဘာ ၂၄ရက်)တောင်းဆိုလိုက်သည်။

သတင်း

စစ်အုပ်စုနှင့် ထိုက်တန်သောနေရာများမှာ လွှတ်တော်များ၊ သမ္မတအိမ်တော်များမဟုတ်ဘဲ နိုင်ငံတကာ ရာဇဝတ်တရားရုံးများ၊ ခုံရုံးများသာဖြစ်