Connect with us

Hi, what are you looking for?

သတင်း

ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေးကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မှန်ကန်သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် မြန်မာသံအမတ်ကြီး တောင်းဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန်သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ထပ်လောင်း တောင်းဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

ထားအိ/People’s Spring

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန်သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်လောင်း တောင်းဆိုသည်။

ကမ္ဘာကြီးအနေဖြင့် ပြစ်မှုကျူးလွန်သူများ(အာဏာာသိမ်းစစ်ကောင်စီ)က ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အသုံးချ၍ ရာဇဝတ်မှုများ ဆက်လက်တိုးချဲ့မည်ကို လက်ပိုက်ကြည့်မနေသင့်ဘဲ မြန်မာ့အကျပ်အတည်းချုပ်ငြိမ်းရန် လုံခြုံရေးကောင်စီက ၎င်း၏ အလုံးစုံသော အခွင့်အာဏာနှင့် တာဝန်ဝတ္တရားတို့ကို အသုံးချကာ အရေးယူဆောင်ရွက်သင့်ကြောင်း မြန်မာသံအမတ်ကြီးက အောက်တိုဘာ ၂၅ရက်တွင် ကျင်းပခဲ့သော လုံခြုရေးကောင်စီအစည်းအဝေး၌ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် အရပ်သားပြည်သူအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေပြီဟု သံအမတ်ကြီးက လုံခြုံရေးကောင်စီသို့ သတိပေးသည်။

စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် လူမဆန်စွာသတ်ဖြတ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာဖြစ်စဥ်ကို သံအမတ်ကြီး ကောင်စီသို့ တင်ပြခဲ့ပြီး အဆိုပါဖြစ်စဥ်ကို ပြောကြားရသည်မှာပင် ထိတ်လန့်ဖွယ်ကောင်းကြောင်း အသိပေးသည်။

စီပါရွာ သတ်ဖြတ်ခံရသူများအနက် အချို့မှာ စိတ်ပိုင်းဆိုင်ရာအရာ ချို့ယွင်းနေသူများဖြစ်ပြီး အချို့မှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ခုတ်ထစ်ပိုင်းခြားခံထားရခြင်း၊ အချို့ဦးခေါင်းများမှာ ခြံစည်းရိုးများအပေါ်တွင် ချိတ်ဆွဲခံထားရခြင်း၊ အချို့ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာ ပြန့်ကျဲနေခြင်းတို့ ရှိခဲ့ကြောင်း သံအမတ်ကြီးက ရှင်းလင်းသည်။

စစ်တပ််အာဏာသိမ်းမှု ၃နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၅ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၀၂ကြိမ် ကျူးလွန်ခဲ့ပြီး လူပေါင်း ၃၃၄၀ဦးကို သတ်ဖြတ်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စာရင်းပြုစုမှတ်တမ်းတင်ထားသည်။ သတ်ဖြတ်ခံရသူ ၃၃၄၀ဦးထဲတွင် အမျိုးသား ၁၅၉၈ဦး၊ အမျိုးသမီး ၄၃၇ဦးနှင့် ကျား/မ မသိရသူ ၁၃၀၅ဦးရှိကြောင်း ဖော်ပြသည်။

ယင်းသို့ စိန်ခေါ်မှုများ ပြည့်နှက်နေသည့် အခြေအနေ၊ အသက်အန္တရာယ်ခြိမ်းခြောက်မှု ကြီးမားသည့် ပတ်ဝန်းကျင်၌ပင် ရဲစွမ်းသတ္တိပြည့်ဝသော မြန်မာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များက စစ်အာဏာရှင်အား အမြစ်ပြတ် တိုက်ထုတ်ရာတွင် မြေပြင်ရှိ တော်လှန်ရေး အင်အားစုများနှင့်အတူ ရှေ့တန်းမှ မားမားမတ်မတ် ပါဝင်လျက်ရှိကြောင်း သံအမတ်ကြီးက အသိပေးသည်။

ထို့အပြင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား ကျူးလွန်သူအားလုံးကို တာဝန်ခံမှုရှိစေရေးတို့က အထူးအရေးပါကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ယင်းသို့လုပ်ဆောင်ရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းအား ချက်ချင်းရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဟု တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook