Connect with us

Hi, what are you looking for?

News

ကနီနယ် ပန်းဆိုင်ရွာ တပ်စွဲထား​သောစစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ ​သေဆုံးမှုရှိဟု DPRA ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် RPG ကျည်များကြောင့် ပြည်သူတစ်ဦးဒဏ်ရာရရှိ ပြီးလူနေအိမ်တစ်လုံး ပျက်ဆီးခဲ့ကြောင်း သိရသည်။

(စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် ကျည်များနှင့် ပျက်စီးခဲ့သည့် ပြည်သူနေအိမ် အားတွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကနီမြို့တောင်ပိုင်းရှိ ပန်းဆိုင်ရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို သွား ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DPRA) က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၂ ရက်) နေ့လယ်တွင်DRPA၊သပြေအေးတပ်ရင်း (၃)၊KLG ၊ဒေါင်းနီ ၊အမေ့သားကျားသုံးဖော် ၊ဒေသခံ(ပကဖ)နှင့်MPDF မဟာမိတ်ပူပေါင်းအဖွဲ့သည် စစ်​ကောင်စီ တပ်စွဲထားသော ပန်းဆိုင်ရွာသို့ တိုက်ပွဲဖော်ဆောင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

ထိုမှတစ်ဆင့် ကနီမြို့သို့ ဦးတည်သွားသည့် စစ်​ကောင်စီ စစ်ကြောင်းကို DRPA တပ်ခွဲတစ်ခွဲသည် မဟာမိတ် KGL၏ သတင်းပေးပို့ချက်အရ စစ်​ကောင်စီ စစ်‌ကြောင်းသွားရာလမ်းအတိုင်းစောင့်၍ လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီမှ ပြန်လည်ပစ်ခတ်ခဲ့‌သောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

(စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် ကျည်များနှင့် ပျက်စီးခဲ့သည့် ပြည်သူနေအိမ် အားတွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် RPG ကျည်များကြောင့် ပြည်သူတစ်ဦးဒဏ်ရာရရှိ ပြီးလူနေအိမ်တစ်လုံး ပျက်ဆီးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်က အင်အား ၁၀၀ခန့်ဖြင့် ကနီမြို့ပန်းဆိုင်ရွာ၊ ညောင်ပင်းဝန်းရွာနှင့် ငါးဖျက်ကျေးရွာကို စစ်ကြောင်းထိုးလာသဖြင့် ဒေသခံပြည်သူများမှာ ယနေ့ နံနက်ပိုင်းကစ၍ အရေးပေါ်ရှောင်တိမ်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook