ပဲခူးတိုင်း နတ္တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Phoniex DF(Nattalin PDF)က ယမန်နေ့(ဖေဖော်ဝါရီ ၂၂) ထုတ်ပြန်သည်။
ယင်းနေ့နံနက် ၁၀ နာရီခွဲခန့်က တောင်ညိုစခန်းမှနေ၍ စမ်းကြီးရွာဘက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ကျွန်ုပ်တို့ Phoniex DF အနေဖြင့် နွေဦးတော် လှန်ရေး၏ (၂)ခြောက်လုံးအထိမ်းအမှတ်လှုပ် ရှားမှုအဖြစ် (မတရားဖမ်းဆီးသတ်ဖြတ်ခံရသောပြည်သူများအတွက်)သွေးကြွေးဆပ်နိုင်ခဲ့ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။
အထက်ပါတိုက်ခိုက်မှုကို Phoniex DF(Nattalin PDF)နှင့် Zegon PDF တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement
ဖေဖော်ဝါရီ ၁၇ ရက်ကလည်း နတ္တလင်းမြို့နယ် ရေကြည်ရွာမှ သရက်မြောက်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ မိုင်းခွဲတိုက် ခိုက်ခံရပြီး ငါးဦး သေဆုံးခဲ့သေးသည်။


















































