Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုနယ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ၁၀ဦးထက်မနည်း​သေ

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင် ခုနစ်ရက်နေ့မြောက်ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းကိုရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာအနီးနှင့် ဝီသဲကူးကျေးရွာ တိုက်ပွဲတွင် အကြမ်း ဖက်စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)က ယနေ့(ဖေဖော်ဝါရီ ၂၃)တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၂ရက်က အင်းအားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)၊ လွိုင်ကော်(PDF)၊ KNDF၊ KA နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ထိုတိုက်ပွဲတွင် တနေကုန်နီးပါးဖြစ်ပွားခဲ့ပြီး ညနေ၃နာရီတွင် ရဟတ်ယာဉ်တစ်စီးဖြင့် ငါးကြိမ်ခန့် ပစ်ကူတိုက်ခိုက်ခဲ့သည့်အပြင် ညနေ ၄နာရီအချိန်တွင် တိုက်‌လေယာဉ် နှစ်စီးဖြင့် ခုနစ်ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

“မနေ့က အကြမ်းဖက်စစ်တပ်ရဲ့ အင်အားက ၁၅၀နဲ့ ၂၀၀ ဝန်းကျင်ရှိတယ်။သူတို့ဘက်က အသေများလာတော့ ရဟတ်ယာဥ်ရော တိုက်လေယာဥ်ပါ သုံးတာ။ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့မှာလည်း အထိအခိုက်အချို့ရှိခဲ့တယ်”ဟု KNDF ရဲဘော်တစ်ဦး​က People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဖက်က ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF) ထိခိုက်ဒဏ်ရာရရှိမှုမရှိ ခုခံတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင် ခုနစ်ရက်နေ့မြောက်ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းကိုရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မိုးဗြဲအခြေစိုက်(ခမရ-၄၂၂)တပ်၊ လွိုင်ကော်အခြေစိုက် (ခလရ-၂၅၀)တပ် နှင့် ဒီးမော့ဆိုအခြေစိုက်(ခမရ-၄၂၇) တပ်တို့မှ တာဝေးပစ်အမြောက်များအသုံးပြုကာ ပစ်ကူတိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။