Connect with us

Hi, what are you looking for?

News

နန်းမယ်ခုံတွင် ယ​နေ့နံနက် တိုက်ပွဲဖြစ်ပွား​နေ

လက်ရှိ စစ်ရေးအခြေအနေအရ တိုက်ပွဲများမှာ ပြင်းထန်နေဆဲဖြစ်ပြီး ဆက်လက်၍လည်း ပိုမိုပြင်းထန်နိုင်သည့် အတွက် လက်နက်၊ခဲယမ်းများကို NUG အစိုးရနှင့် ပြည်သူများအနေဖြင့် ကရင်နီတပ်ပေါင်စုများထံသို့ ကူညီပေးရန်လည်း ၎င်းက တိုက်တွန်းသည်။

▪️တိုက်ပွဲများပြင်းထန်လာနိုင်၍ NUGနှင့် ပြည်သူများ ကရင်နီတပ်​​ပေါင်းစုများထံ ကူညီ​ပေးကြရန် ​မေတ္တာရပ်ခံ

ကယား(ကရင်နီပြည်နယ်) နန်းမယ်ခုံမြို့အနီး အကြမ်းဖက်စစ်ကောင်စီက အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၃) နံနက် ၅နာရီခန့်ကစ၍ နန်းမယ်ခုံမြို့ ကတ်သခူရွာကို ဦးတည်ကာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ကူများ ဖြင့် စစ်ကြောင်းထိုးလာမှုကို ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများ ခုခံ၍ တိုက်ပွဲဆင်နွှဲနေသည်ဟု ဆိုသည်။

“ကရင်နီပြည်နယ်ရဲ့ ဒကစမှူး ပြောင်းသွားတာက လက်ရှိ စစ်ရေးအပေါ် ဂရုပြုစရာဖြစ်တယ်။သူကအရင် ကရင်နီပြည်ရဲ့ နယ်စပ်ရေးရာဝန်ကြီးလုပ်ခဲ့ဖူးတော့ နယ်မြေ အတိုင်းအတာ သိသင့်သလောက်သိတယ်။ဒါကြောင့် စစ်ရေးအရ အရေးကြီးတဲ့ နန်းမယ်ခုံတစ်ဝိုက်ကို အထိုင်ချချင်နေပုံရတယ်။ကျွန်တော်တို့က မပေးဘူး။နောက်ဆုံးအချိန်ထိ တိုက်မယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိ စစ်ရေးအခြေအနေအရ တိုက်ပွဲများမှာ ပြင်းထန်နေဆဲဖြစ်ပြီး ဆက်လက်၍လည်း ပိုမိုပြင်းထန်နိုင်သည့် အတွက် လက်နက်၊ခဲယမ်းများကို NUG အစိုးရနှင့် ပြည်သူများအနေဖြင့် ကရင်နီတပ်ပေါင်စုများထံသို့ ကူညီပေးရန်လည်း ၎င်းက တိုက်တွန်းသည်။

ယခုလဝက်ကစ၍ ရှမ်း-ကရင်နီ အစပ် ဒေသများကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး မိုးဗြဲမြို့တိုက်ပွဲများတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ အတည်ပြုနိုင်သည့် အကြမ်းဖက်စစ်ကောင်စီတပ်သားသေဆုံးမှုမှာ ၆၁ဦးရှိပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်နက် ငယ်အချို့ကို သိမ်းဆည်းရမိခဲ့သည်။

အထူးသဖြင့် ဒီးမော့ဆို၊မိုးဗြဲ နှင့်ဖယ်ခုံ ဒေသတို့တွင် စစ်ပွဲများနေ့စဥ်ရက်ဆက် ဖြစ်ပွားနေပြီး နှစ်ဖက်ကျဆုံးမှုများလည်း ရှိသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ တိုက်လေယာဉ်များ၊ သံချပ်ကာ အမြောက် ကားများအပြင် တာဝေးပစ်လက် နက်ကြီးများဖြင့် တိုက်ခိုက်လျက်ရှိသည်။

မိုး‌ဗြဲအခြေစိုက် (ခမရ-၄၂၂)၊ လွိုင်ကော်အခြေ စိုက် (ခလရ-၂၅၀)နှင့်(ခလရလ-၂၆၁)၊ ဒီးမော့ ဆိုမြို့နယ် အခြေစိုက် (ခမရ – ၄၂၇) တို့မှ တာဝေးပစ်အမြောက်များဖြင့်သော ၁၂၀ (မမ) ၊၈၀ (မမ)တို့ဖြင့် တစ်နေ့ လျှင် ပစ်ခတ်မှုနှုန်း ၁၀၀ ကြိမ်ခန့်ဖြင့် အကြိမ်ပေါင်း ၅၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း KNDFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။