Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်​ကောင်စီတပ်သားများက PDFဝတ်စုံများဝတ်၍ လှုပ်ရှား​နေဟု မြင်းမူ PDFသတိ​​ပေး

စစ်ကိုင်းတိုင်း မုံရွာနှင့် ချင်းတွင်းအထက်ပိုင်းဒေသများနှင့် မကွေးတိုင်းသို့သွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်သို့ ဖြတ်သန်းသွားရလေ့ရှိပြီး မကြာခဏလ​ည်း တိုက်ခိုက်ခံနေရသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ PDF အယောင်ဆောင်ကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးသည်။

ယခုအခါတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြင်းမူမြို့နယ်အတွင်း စစ်ဆင်ရေးများပြုလုပ်နေပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိမိတို့ MMUPDF နှင့် Black Eagle တံဆိပ်ပါ အင်္ကျီများဝတ်၍ PDF အယောင်ဆောင်ကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပါသဖြင့် ပြည်သူများအနေဖြင့် MMUPDF နှင့် Black Eagleတံဆိပ်ပါ အင်္ကျီဝတ်ဆင်သူများအား လုံးဝမယုံကြည်ကြပါရန်နှင့် တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးကြပါရန် မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

ယနေ့(ဖေဖော်ဝါရီ ၂၃) နံနက်၁၀နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်များသည် MMU-PDF တံဆိပ်ပါ အင်္ကျီများဖြင့် အလ္လကပ္ပကျေးရွာ သံလမ်းမှ မြောက်သို့ ခြေလျင်ဆင်းသွားကြောင်း၊ PDF အယောင်ဆောင်များအား လက်နက်များကိုင်ဆောင်ထားနိုင်ခြင်း၊ ဝတ်စုံအပြည့်များ ဝတ်ဆင်ထားခြင်း ရှိ၊မရှိ ကြည့်ခြင်းဖြင့် ခွဲခြားနိုင်မည်ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

စစ်ကိုင်းတိုင်း မုံရွာနှင့် ချင်းတွင်းအထက်ပိုင်းဒေသများနှင့် မကွေးတိုင်းသို့သွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်သို့ ဖြတ်သန်းသွားရလေ့ရှိပြီး မကြာခဏလ​ည်း တိုက်ခိုက်ခံနေရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။