Connect with us

Hi, what are you looking for?

News

ချောင်းဦးတိုက်ပွဲတွင် PDFတပ်ဖွဲ့ဝင် သုံးဦးကျဆုံး

ချောင်းဦးမြို့နယ်ကံကြီးကုန်းရွာ၏ အရှေ့ဘက်တွင် ယနေ့နံနက် ၁ဝနာရီခန့်မှစတင်ကာ စစ်တပ်နှင့်PDF တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချောင်းဦးနှင့် မြင်းမူမြို့နယ်ကြားတွင် စစ်တပ်အင်အားရာချီရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတ​ပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ CDMကျောင်းဆရာအပါအဝင် PDFတပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ကြောင်းChaung U PDF နှင့်Chaung U Revolutionကသတင်းထုတ်ပြန်သည်။

ကျဆုံးသွား​သောရဲ​ဘော်များမှာ ရဲ​​ဘော်ဒီမို(တပ်ခွဲမှူး၊တပ်ခွဲ )၊ ရဲ​ဘော်​ဇော်​ဇော်​အောင်(CDM ​ကျောင်းဆရာ)၊ ရဲ​ဘော်ဟိန်းထက်တို့ဖြစ်​ကြောင်း​ချောင်းဦးPDFကထုတ်ပြန်သည်။

ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်)နံနက်တွင် ချောင်းဦးမြို့နယ်တစ်နေရာ၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးများပါဝင်သောအဖွဲ့သည်ချောင်းဦးPDFတိုက်ပွဲဖြစ်ပွားရာ မိမိတို့ဘက်မှ CDMကျောင်းဆရာတစ်ဦးအပါဝင် သုံးဦးကျဆုံးပြီး စစ်မိစ္ဆာများဘက်မှအကျ အဆုံးမသိရသေးကြောင်း Chaung U Revolutionကထုတ်ပြန်အသိပေးထားသည်။

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်​ချေမှုန်း​ရေးတွင် နိုင်ငံ​​တော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် တိုက်ပွဲဝင်ရင်ကျဆုံးခဲ့ရသဖြင့် ကျွန်ုပ်တို့​ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့အ​နေဖြင့် မိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်း​ကြေကွဲရပါသည်ဟု​ချောင်းဦး PDFကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီဝါဒဖြန့်မီဒီယာများ၏ ထုတ်ပြန်ချက်အရ PDFတပ်ဖွဲ့ဝင်များမှ လက်နက်​လေးလက်နှင့်ကျည်ဆံအချို့ပါ သိမ်းဆည်းခံခဲ့ရသည်ဟု ဆိုသည်။

“ကျဆုံးအာဇာနည်ရဲ​ဘော်များ​ဆောင်ရွက်လက်စဖြစ်​သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်​ချေမှုန်း​ရေးတာဝန်ကိုကျန်ရစ်သူ ကျွန်ုပ်တို့ရဲ​ဘော်များက ဆက်လက်ထမ်း​ဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်​ကြောင်းဝန်ခံကတိ့ပြုပါသည်”ဟုလည်း​ချောင်းဦး PDF က ကတိပြုသည်။

ချောင်းဦးမြို့နယ်ကံကြီးကုန်းရွာ၏ အရှေ့ဘက်တွင် ယနေ့နံနက် ၁ဝနာရီခန့်မှစတင်ကာ စစ်တပ်နှင့်PDF တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချောင်းဦးနှင့် မြင်းမူမြို့နယ်ကြားတွင် စစ်တပ်အင်အားရာချီရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ထိုအပြင်ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) မွန်းလွဲပိုင်းတွင် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အရေးပေါ်သတိပေးကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး ချောင်းဦးမြို့နယ်အတွင်း မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်း၊ ချောင်းဦး – ပခုက္ကူလမ်းပိုင်း၊မုံရွာ – အမြင့် – တောကျောင်းကြီးလမ်းပိုင်း၊ခင်မွန် – ကျီကုန်း – ရွှေဒါးကျလမ်းပိုင်း၊ ချောင်းဦး -အမြင့်လမ်းပိုင်းများကို ယာယီပိတ်ထားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။