Connect with us

Hi, what are you looking for?

News

မိုးဗြဲတိုက်ပွဲ စစ်​ကောင်စီတပ် ၅၀ ထက်မနည်း​သေ၊ မိုးဗြဲPDFတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး

မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် (၉)ဦး ကျဆုံးခဲ့ပြီး (၁၂)ဦး ထိခိုက်ဒဏ် ရာ ရရှိခဲ့ကာ ကျဆုံးခဲ့သည့် ရဲဘော်များ၏ စျာပန ပွဲကို ဖေဖော်ဝါရီ (၂၀)ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု ဓါတ်ပုံများနှင့်တစ်ကွထုတ်ပြန်သည်။

● ပြည်သူ့​နေအိမ်များမီး​လောင်ပျက်စီး​စေ​သော ရန်သူ့အ​မြောက်များကို ဖျက်ဆီးနိုင်ရန် PDFများက ပြန်ဆုတ်ရန်အမိန့်ကိုပင် ဖီဆန်ပြီးအသက်​ပေးတိုက်ပွဲဝင်ခဲ့ကြ

ဖေဖော်ဝါရီ ၁၆ ရက်ကစတင်ခဲ့သည့် မိုးဗြဲနယ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား(၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး သံချပ်ကာအမြှောက်ကား(၁)စီးနှင့် ရိက္ခာတင်ကား (၁)စီး ပျက်စီးခဲ့ယုံသာမက လက်နက်ခဲယမ်းအချို့ကိုပါသိမ်းဆည်းရမိခဲ့သည်ဟု မိုးဗြဲ PDF က ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်)တွင် ထုတ်ပြန် သည်။

မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် (၉)ဦး ကျဆုံးခဲ့ပြီး (၁၂)ဦး ထိခိုက်ဒဏ် ရာ ရရှိခဲ့ကာ ကျဆုံးခဲ့သည့် ရဲဘော်များ၏ စျာပန ပွဲကို ဖေဖော်ဝါရီ (၂၀)ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု ဓါတ်ပုံများနှင့်တစ်ကွထုတ်ပြန်သည်။

ရန်သူ၏ သံချပ်ကာ အမြှောက်ကားကို ပိတ်ဆို့ ဖျက်ဆီးရန်ကြိုးစားရင်း ရွံရွံချွန်ချွန် တိုက်ပွဲဝင် အသက်ပေးသွားသော ပြည်သူ့ရဲဘော်များကို မြန်မာ့ဒီမိုကရေစီ သူရဲကောင်းများအဖြစ် အသိ အမှတ်ပြု မော်ကွန်းထိုးသည်ဟုလည်း မိုးဗြဲ PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့အိုးအိမ်များကို မီးလောင်ပျက်စီးစေသည့် ရန်သူ့အမြှောက်ကားကို ဖျက်ဆီးနိုင်ရန် ပြန်ဆုတ်ရန် အမိန့်ကိုပင်ဖီဆန်ပြီးရှေ့တန်း၌ အသက်ပေးတိုက်ပွဲသွားသည့် ရဲဘော်များ၏ သတ္တိအပြုံးများကို နှမြော တမ်းတဖြစ်ရကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ရဲဘော်များ၏ ခန္ဓာသည် ပျောက်ကွယ်သွားသော်‌လည်း မိုးဗြဲ PDF နှင့် ပြည်သူများ၏ နှလုံးသား၌ ထာဝရ တည်တံ့ ကိန်းဝပ်နေမည်ဖြစ်ပြီး ရဲဘော်များအားလုံးကို လေးလေးနက်နက် အလေးပြုသည်ဟုလည်းပါရှိသည်။

ရှမ်း-ကယား(ကရင်နီ)ပြည်နယ် အစပ်ရှိ မိုးဗြဲ ၊ဖယ်ခုံ မြို့ များအပြင် ဒီးမော့ဆို မြို့နယ်တွင်ပါတိုက်ပွဲများပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်က နေ့စဥ်လက်နက်ကြီးများအပါအဝင် လေယာဥ်များ အသုံးပြု တိုက်ခိုက်နေလျက်ရှိသည်။

ထို့ကြောင့် NUG အပါအဝင် ပြည်သူများ အနေဖြင့် လက်နက်၊ခဲယမ်းများ ထောက်ပံ့ ပေးရန် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များက တောင်းဆိုလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook