Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချပြီး အသိအမှတ်မပြုရေးအဆို ပြင်သစ်အောက်လွှတ်တော် အတည်ပြု

မြန်မာ့စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရား ဝင်အသိအမှတ်ပြုရေးအဆိုကို ပြင်သစ်အထက်လွှတ်တော်က ၂၀၂၁ အောက်တိုဘာလဆန်း ကတည်းက ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သည်။

▪️လွှတ်တော်နှစ်ရပ်စလုံးက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး NUGကို တရားဝင်အသိအမှတ်ပြုရန်လွှတ်တော်အမတ်များ တိုက်တွန်း

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုရေး အဆိုတစ်ရပ်ကို ပြင်သစ်အောက်လွှတ်တော်က ယမန်နေ့(ဖေဖော်ဝါရီ ၂၃ ရက်)တွင် မဲခွဲဆုံးဖြတ်သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ယင်းအဆိုကို အောက် လွှတ်တော်ကိုယ်စားလှယ် ၅၇ ဦးက တညီတညွတ်တည်း ထောက်ခံအတည်ပြုခဲ့ခြင်းဖြစ်သည်။

“ဒီဆုံးဖြတ်ချက်ကို ပြင်သစ်အထက်လွှတ်​တော်မှာလည်း ချပြီးပါပြီ။ ခုလို အထက်လွှတ်တော်ရော အောက်လွှတ် တော်ရော စကစကိုလုံးဝအသိမှတ်မပြုကြောင်း ပြတ်ပြတ်သားဆုံးဖြတ်ခဲ့တာကို ကြည့်ရင် ပြစ်သစ်လွှတ်​တော်နှစ်ရပ်လုံးရဲ့ မြန်မာနိုင်ငံဒီမိုကရေစီအတွက် ရပ်တည်မှုကိူ ထင်ထင်းရှားရှားမြင်နိုင်ပါတယ်” ဟု ဥရောပသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါအဆိုနှင့်ပတ်သက်၍ အောက်လွှတ်တော်အမတ်အများစုသည် NUG ကသာ မြန်မာပြည်သူများ၏ အစိုးရဖြစ်ပြီး NUGကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသင့်ကြောင်း ဝိုင်း ဝန်းတိုက်တွန်းခဲ့ကြသည်ဟု ဆိုသည်။

ထို့အပြင် မြန်မာပြည်သူများ၏ ဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းနေမှုများကိုလည်းအသိ အမှတ်ပြုကြောင်း ပြင်သစ်အောက်လွှတ်တော်အမတ်များက ထည့်သွင်းဆွေးနွေးသည်။

မြန်မာ့စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရား ဝင်အသိအမှတ်ပြုရေးအဆိုကို ပြင်သစ်အထက်လွှတ်တော်က ၂၀၂၁ အောက်တိုဘာလဆန်း ကတည်းက ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လိုင်းကားတစ်စီးပြီး တစ်စီးရောက်လာသော်လည်း လိုက်ပါသူမရှိသူမရှိ၍ ယခင်က ခရီးသည်များအဆင်း အတတ်နှင့် ဆူညံနေသည့် မှတ်တိုင်လေးမှာ ယနေ့နံနက်တွင်တော့ တိတ်ဆိတ်နေသည်။

နိုင်ငံတကာ

အမေရိကန် ဝါရင့် လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ မစ်ရွမ်နေးက လာမယ့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ရော၊ အဓိက စိန်ခေါ်သူ ဖြစ်လာနိုင်တဲ့ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပါ ဝင်မပြိုင်သင့်တော့ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဘိုင်ဒန်ရော၊ ထရမ့်ပါ သမ္မတအဖြစ် ၄ နှစ်စီ...

နိုင်ငံတကာ

MFPဟာ မဟာမိတ်ဟောင်း ဖြစ်ခဲ့ပြီးမှ ဘက်ပြောင်းသွားတဲ့ PTPရဲ့ အဆိုပြု ဝန်ကြီးချုပ်လောင်းကို လွှတ်တော်မှာ ထောက်ခံမဲ ပေးတော့မှာ မဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။ MFPဟာ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး ဆရက်သာ သာဗီဆန်ကို ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြုထားပါတယ်။

နိုင်ငံတကာ

၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်က လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့တဲ့နောက် ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ရက်ပိုင်းအလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာ ထရမ့်ကို အားပေးထောက်ခံသူ လက်ယာစွန်း ဝါဒီတွေက အမေရိကန် လွှတ်တော် အဆောက်အအုံကို...