Connect with us

Hi, what are you looking for?

News

မြန်မာ့စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချပြီး အသိအမှတ်မပြုရေးအဆို ပြင်သစ်အောက်လွှတ်တော် အတည်ပြု

မြန်မာ့စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရား ဝင်အသိအမှတ်ပြုရေးအဆိုကို ပြင်သစ်အထက်လွှတ်တော်က ၂၀၂၁ အောက်တိုဘာလဆန်း ကတည်းက ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သည်။

▪️လွှတ်တော်နှစ်ရပ်စလုံးက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး NUGကို တရားဝင်အသိအမှတ်ပြုရန်လွှတ်တော်အမတ်များ တိုက်တွန်း

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုရေး အဆိုတစ်ရပ်ကို ပြင်သစ်အောက်လွှတ်တော်က ယမန်နေ့(ဖေဖော်ဝါရီ ၂၃ ရက်)တွင် မဲခွဲဆုံးဖြတ်သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ယင်းအဆိုကို အောက် လွှတ်တော်ကိုယ်စားလှယ် ၅၇ ဦးက တညီတညွတ်တည်း ထောက်ခံအတည်ပြုခဲ့ခြင်းဖြစ်သည်။

“ဒီဆုံးဖြတ်ချက်ကို ပြင်သစ်အထက်လွှတ်​တော်မှာလည်း ချပြီးပါပြီ။ ခုလို အထက်လွှတ်တော်ရော အောက်လွှတ် တော်ရော စကစကိုလုံးဝအသိမှတ်မပြုကြောင်း ပြတ်ပြတ်သားဆုံးဖြတ်ခဲ့တာကို ကြည့်ရင် ပြစ်သစ်လွှတ်​တော်နှစ်ရပ်လုံးရဲ့ မြန်မာနိုင်ငံဒီမိုကရေစီအတွက် ရပ်တည်မှုကိူ ထင်ထင်းရှားရှားမြင်နိုင်ပါတယ်” ဟု ဥရောပသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါအဆိုနှင့်ပတ်သက်၍ အောက်လွှတ်တော်အမတ်အများစုသည် NUG ကသာ မြန်မာပြည်သူများ၏ အစိုးရဖြစ်ပြီး NUGကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသင့်ကြောင်း ဝိုင်း ဝန်းတိုက်တွန်းခဲ့ကြသည်ဟု ဆိုသည်။

ထို့အပြင် မြန်မာပြည်သူများ၏ ဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းနေမှုများကိုလည်းအသိ အမှတ်ပြုကြောင်း ပြင်သစ်အောက်လွှတ်တော်အမတ်များက ထည့်သွင်းဆွေးနွေးသည်။

မြန်မာ့စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရား ဝင်အသိအမှတ်ပြုရေးအဆိုကို ပြင်သစ်အထက်လွှတ်တော်က ၂၀၂၁ အောက်တိုဘာလဆန်း ကတည်းက ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သရော်စာ

မြန်မာနိုင်ငံအလယ်ပိုင်း ကြပ်ပြေးဒေသမှာ “ဖွတ်တော်”တစ်ခု မကြာသေးခင်က ပေါ်ထွန်းလာတယ်လို့ ကြားသိရ ပါတယ်။ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ လက်ရဲဇက်ရဲလူမိုက်ဂွတိုတစ်ယောက် ရမ်းကားရာကနေ ပေါ်ပေါက် လာတာလို့လည်း သိရပါတယ်။