Connect with us

Hi, what are you looking for?

News

ပြည်သူ့ကာကွယ်​ရေးအဖွဲ့များကို ကူညီသူများအား ကိုဓဥပ​ဒေအတိုင်းကျင့်သုံးမည်ဟု ပခုက္ကူတွင် စစ်​ကောင်စီနှင့်ပျူများကခြိမ်း​ခြောက်

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အားပေးထောက်ပံ့မှုမရပ်တန့်ပါက ဆိုင်ရာမိသားစု၏ အသက်အိုးအိမ်စည်းစိမ်များကို ပြင်းထန်စွာတိုက်ခိုက်သွားမည်ဟု လည်းဆိုသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပျူ​စောထီးများက ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားပေးသူများအား ဟာမူရာဘီ၏ ကိုဓဥပဒေအတိုင်းကျင့်သုံး၍ ပြင်းထန်စွာတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်စာများဖြန့်ဝေနေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီလ ၂၇ ရက်နေ့)တွင် ပခုက္ကူမြို့ပေါ်၌ စာရွက်များကြဲခဲ့ကြသည်။ ထိုစာရွက်များတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား အကြမ်းဖက်ဟုသုံးနှူန်းထားသည်။ထိုအပြင် ပခုက္ကူမြို့ ရှိ စစ်​ကောင်စီတပ်နှင့် ဆက်စပ်သူများ​သေဆုံး ဒဏ်ရာရသည်ကို အပြစ်မဲ့ပြည်သူသေဆုံးထိခိုက်ဒဏ်ရာရမှုများ ဟုသုံးနှုန်းကာ၎င်းတို့​သေဆုံးဒဏ်ရာရသည်ကို ပြည်သူများကဝမ်းသာအားရရှိနေသည်ဟုစွပ်စွဲထားသည်။

ပြည်သူများအား ပိုက်ဆံရှိလျှင် ဥပဒေကိုလှည့်ဖျား၍ရသည်ဟု တွေးတောသူများဟုဆိုကာ စွပ်စွဲထားပြီး ၎င်းတို့ကလည်း မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းဆိုသော ဟာမူရာဘီ၏ကိုဓဥပဒေအတိုင်း ကျင့်သုံးမည်ဟု တစ်နိုင်ငံလုံးရှိ အမျိုးသားရေးအဖွဲ့များက ဆုံးဖြတ်ချက်ချထားသည်ဟု ခြိမ်းခြောက်ထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အားပေးထောက်ပံ့မှုမရပ်တန့်ပါက ဆိုင်ရာမိသားစု၏ အသက်အိုးအိမ်စည်းစိမ်များကို ပြင်းထန်စွာတိုက်ခိုက်သွားမည်ဟု လည်းဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါထုတ်ပြန်ချက်တွင် ပခုက္ကူမြို့ပေါ်ရှိ လုပ်ငန်းရှင် ၁၄ ဦး၏ အမည်နှင့်နေရပ်လိပ်စာများကိုပါ ထည့်သွင်းရေးသားထားပြီး ၎င်းတို့အပါအဝင်ပြည်သူများအား ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

“ဒီကနေ့မနက်ပိုင်းက ပခုက္ကူ-မြိုင်လမ်းပေါ်နဲ့ တ​ခြားနေရာတွေမှာ ပျူစောထီးတွေကဖြန့်ကြဲသွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့နံနက်ပိုင်းက ပခုက္ကူမြို့ရှိစည်ပင်ရုံးအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ထိုအပြင် ယခုတစ်ပါတ်အတွင်း
ကားများကို ဆက်​ကြေး​ကောက်နေ​သော အကြမ်းဖက်စစ်​ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကတိုက်ခိုက်၍ စစ်ဗိုလ်တစ်ဦးနှင့်တပ်သားတစ်ဦး​သေဆုံးပြီးအချို့ဒဏ်ရာရခဲ့သည်။ အ​လောင်းလာ​သယ်​သော စစ်​ကောင်စီတပ်ကားကိုပါ ပြည်သူ့ကာကွယ်​ရေးအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်၍ စစ်​ကောင်စီတပ် ထပ်မံ​သေဆုံးဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။