▪️စစ်ကောင်စီလက်ချက်ကြောင့် ထန်တလန်မြို့ရှိ နေအိမ်တစ်ထောင်ကျော် မီးလောင်ခဲ့ရ
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူလူထု နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက ထပ်မံမီးရှို့ခဲ့၍ အိမ်ခြေ ၁၀၁လုံး ထပ်မံပြာကျသွားကြောင်း ထန်တလန် စစ်ရှောင်ကူညီရေးနှင့် နေရာချထားရေးကော်မတီ (TPAC-IDPs)က ယနေ့ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၅ရက်မှ ၂၇ရက်အတွင်း စစ်ကောင်စီတပ်က အိမ်ခြေအများအပြားကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အကြိမ်အပါအဝင် စစ်ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ် ရှိ အိမ်ခြေများကို မီးရှို့သည့် အကြိမ် ၂၆ ကြိမ် ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ထန်တလန်တွင် ၂၀၂၁ စက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ ယင်းနှစ် ဒီဇင်ဘာလကုန်အထိ အိမ်ခြေ ၆၉၀ မီးလောင် ပြာကျခဲ့သည်။ အဆိုပါ အိမ်ခြေများထဲတွင် ဘုရားကျောင်းများ အပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၃၀ကျော်ပါဝင်သည်။

Public Service Announcement

ယခု ၂၀၂၂ ဇန်နဝါရီတွင် ၂၄၅ အိမ်၊ ဖေဖော်ဝါရီတွင် ၁၂၃ အိမ် ထပ်မံမီးရှို့ ဖျက်ဆီးခံခဲ့ရ၍ ထန်တလန်မြို့တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေ စုစုပေါင်း တစ်ထောင်ကျော်ပြီဖြစ်သည်။


















































