Connect with us

Hi, what are you looking for?

News

စဥ့်ကိုင်းမြို့နယ်ရှိ Mytel တာဝါတိုင်ကိုK.D.D.F မိုင်းခွဲဖျက်ဆီး

ယနေ့ (မတ်လ ၂ရက်) နံနက်၆နာရီခန့်က စဥ့်ကိုင်မြို့နယ်၊ မြောက်ကျောက်မိုင်းကျေးရွာ အနောက်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝင်ငွေရလမ်းကြောင်းဖြစ်သော Mytel တာဝါတိုင် အတွင်းရှိ စက်သုံးလုံးအား မိုင်းအကြီး(၃)လုံး အသုံးပြုပြီး ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ သတင်းထုတ်ပြန်သည်။

(စဥ့်ကိုင်းမြို့နယ်အတွင်း Mytel တာဝါတိုင် ၆ တိုင်​မြောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ။ ဓါတ်ပုံ-KDDF)

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီပိုင် My Tel တာဝါတိုင်အတွင်းရှိ စက်သုံးလုံးအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ မိုင်းခွဲတိုက်ခိုက်ရှင်းလင်းခဲ့သည်။

ယနေ့ (မတ်လ ၂ရက်) နံနက်၆နာရီခန့်က စဥ့်ကိုင်မြို့နယ်၊ မြောက်ကျောက်မိုင်းကျေးရွာ အနောက်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝင်ငွေရလမ်းကြောင်းဖြစ်သော Mytel တာဝါတိုင် အတွင်းရှိ စက်သုံးလုံးအား မိုင်းအကြီး(၃)လုံး အသုံးပြုပြီး ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ သတင်းထုတ်ပြန်သည်။

“ဒီတိုင်က My Tel တာဝါတိုင် ဖျက်ဆီးမှု ၆ တိုင်မြောက်ပါ။ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထုတ်ကုန်တွေ မသုံးစွဲကြဖို့နဲ့ စကစနဲ့ပတ်သက်နေတဲ့ နေရာတွေအနီး မသွားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။”ဟုကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှတာဝန်ရှိသူကလူထုနွေဦးသို့ပြောသည်။

ဖေဖော်ဝါရီလ ၂၈ရက်နေ့ နေ့လယ်ပိုင်းကလည်း ရန်ကုန်၊မန္တလေး(အမြန်လမ်း)အတိုင်း မန္တလေးဘက်သို့ဦးတည်သွားနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တစ်စီးအား အမြန်လမ်းမိုင်တိုင်၃၃၃၊ ၁ဖာလုံအရောက်တွင် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က မိုင်းဆွဲတိုက်ခိုက်ခဲ့​သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို စောင့်ကြည့်ရေးဝန်ဆောင်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများလုပ်ဆောင်နေ၍ Mytel ဆက်သွယ်ရေးကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ကြောင်း ကြေညာလိုက်သည်။

သတင်း

ချင်းညီနောင်တပ်ဖွဲ့ဝင်များထက် စစ်ကောင်စီက ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်များ မြို့သိမ်းတိုက်ပွဲဖော်ဆောင်လာမည်ကို စိုးရိမ်နေသည်ဟု ချင်းသတင်းရင်းမြစ်က သုံးသပ်သည်။

သတင်း

ရန်ကုန် - မော်လမြိုင်ကားလမ်းသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ကို အဓိကဆက်သွယ်ထားသည့်လမ်းမကြီးဖြစ်သည်။