Connect with us

Hi, what are you looking for?

LuduNwayOo

News

ကလေးမြို့နယ်တွင် အုပ်ချုပ်ရေးယန္တရားလည်ပတ်ရန် ကျေးရွာ ၃၁ရွာကို ပြည်သူ့ရဲတပ်ဖွဲ့ ကွင်းဆင်းစစ်​ဆေး

တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၂၅ မှုမှ လက်ဝယ်ရောင်းချသူ သုံးဦးကို ပြစ်ဒဏ်ရရှိရေးဆောင် ရွက်ထားပြီး သုံးစွဲသူ ၂၂ ဦးကို လုံလောက်သောခံဝန်ပေးထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

(KPS မှ ပြည်သူ့ရဲဘော်များ ကွင်းဆင်းဆောင်ရွက်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - KPS)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်စေရန်နှင့် အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းရန် ကျေးရွာပေါင်း ၃၁ရွာကို ကွင်းဆင်းထားပြီဖြစ်ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(KPS)က ယနေ့(မတ် ၃) ထုတ်ပြန်သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုသည် ဖေဖော်ဝါရီ ၁ရက်မှ ၂၈ ရက်အထိ တစ်လအတွင်း ဆောင်ရွက်ထားရှိမှုဖြစ်ပြီး ထိုလုပ်ငန်းစဥ်များနှင့်အတူ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေး ချမ်းသာယာရေးများကိုလည်း ပူးတွဲလုပ် ဆောင်ခဲ့ကြောင်း KPS ၏ ပြည်သူ့ထံအစီရင်ခံ စာတွင် ဖော်ပြသည်။

တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၂၅ မှုမှ လက်ဝယ်ရောင်းချသူ သုံးဦးကို ပြစ်ဒဏ်ရရှိရေးဆောင် ရွက်ထားပြီး သုံးစွဲသူ ၂၂ ဦးကို လုံလောက်သောခံဝန်ပေးထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ ကလေးမြို့နယ်အတွင်းဖြစ်ပွားသော သက်ငယ်မုဒိမ်းမှုတစ်မှုနှင့် လီဆည်တိုင်တန်းမှုတစ်မှုတို့အား စုံစမ်းဖော်ထုတ်ထားပြီး ပြစ်မှုကျူးလွန်သူများအား ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်စေရန် အကျဥ်းထောင်တစ်ခု တည်ဆောက်လျက်ရှိကြောင်း KPS က အသိပေး သည်။

“လွတ်မြောက်နယ်မြေလို့ ပြောလို့ရတဲ့နေရာပါ။ ပြည်သူ့စစ်မဟာဗျူဟာအရ စစ်ခွေးတွေကို လူထုက မပူးပေါင်းတော့ သူတို့ကဘယ်လို့မှ အုပ်ချုပ်လို့မရဘူးလေ”ဟု အကျဥ်းထောင်တည်ဆောက်နေမှုနှင့်ပတ်သက်ပြီး KPS မှ ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(KPS)၏ ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်ချက်များတွင် CDM ရဲတပ်သားတစ်ဦး လာရောက်ပူးပေါင်းခြင်းနှင့် အခြားတပ်ဖွဲ့ဝင်နှစ်ဦး ဆက်သွယ်ထားခြင်းတို့လည်း ပါဝင်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ၂၀၂၁​အောက်တိုဘာ၇ရက်တွင် ကြေညာခဲ့သည်။

ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာကြသော CDM ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြန်လည်စုစည်းပြီး ဘေးကင်းလုံခြုံမှုရှိစေရေး စီမံဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် CDM ပြုလုပ်ထားသည့် ရဲများစုဖွဲ့စည်း ပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်းကာ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးအပါအဝင် ရဲလုပ်ငန်းအချို့ စတင်ဆောင်ရွက်လျက်ရှိသည်။

CDM ပြည်သူ့ရဲတပ်ဖွဲ့များကို စစ်ကိုင်း၊မ​ကွေးတိုင်းနှင့် ချင်းနှင့် ကရင်နီပြည်နယ်ရှိ မြို့နယ်အချို့တွင် ဖွဲ့စည်းထားသည်။