မြန်မာစစ်တပ်ပိုင် ကုမ္ပဏီ Mytel အက်ပလီကေးရှင်းများကို ဖယ်ရှားပစ်ရန် Apple နည်းပညာကုမ္ပဏီကို Burma Campaign UK က တောင်းဆိုထုတ်ပြန်သည်။
Apple သည် ရုရှားမှ လွဲ၍ RT နှင့် Sputnik အက်ပလီကေးရှင်းများကို ကမ္ဘာတဝန်းမှ ဖယ်ရှားပြီးနောက်တွင် အကြမ်းဖက်မြန်မာစစ်တပ်ပိုင် Mytelအက်ပလီကေးရှင်းကိုလည်း ဖယ်ရှားပေးရန် Burma Campaign UK က မတ်လ ၂ ရက်တွင် တောင်းဆိုထုတ်ပြန်ခြင်းဖြစ်သည်။
“ပူတင်လိုပါပဲ။ မြန်မာစစ်တပ်ဟာ ရုရှားတိုက်လေယာဥ်တွေသုံးပြီး လေကြောင်းကနေ ရုရှားဗုံးတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်တယ်။ Mytel အက်ပ်တွေကို လက်ခံထားခြင်းက Apple ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ကလေးငယ်တွေကို မုဒိန်းပြုကျင့်မှုတွေ ကျူးလွန်တဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးပတ်သက်မှု လုပ်ဆောင်နေတာပါ။ Apple ဟာ မြန်မာစစ်တပ်ဝင်ငွေရဖို့အတွက် ကူညီပေးနေတာကို ရပ်တန့်ရပါမယ်။ Mytels တွေကိုလည်း ဖယ်ရှားပစ်ရပါမယ်”ဟု Burma Campaign UK ဒါရိုက်တာ Mark Farmaner က ပြောသည်။
Apple သည် Mytel အက်ပ် ၇ ခုကို လက်ခံထားပြီး ယင်းအက်ပ်များကို ဖယ်ရှားပေးရန် ငြင်းဆိုထားသည်။

Public Service Announcement
Burma Campaign UK သည် Apple ကုမ္ပဏီကို မြန်မာစစ်တပ်နှင့် ဆက်နွှယ်မှုကြောင့် ၂၀၁၉ ကတည်း က အမည်ပျက်စာရင်းသွင်းခဲ့သည်။


















































