Connect with us

Hi, what are you looking for?

LuduNwayOo

News

Mytel အက်ပ်များကို ဖယ်ရှားပစ်ရန် Apple ကို Burma Campaign UK တောင်းဆို

Apple သည် ရုရှားမှ လွဲ၍ RT နှင့် Sputnik အက်ပလီကေးရှင်းများကို ကမ္ဘာတဝန်းမှ ဖယ်ရှားပြီးနောက်တွင် အကြမ်းဖက်မြန်မာစစ်တပ်ပိုင် Mytelအက်ပလီကေးရှင်းကိုလည်း ဖယ်ရှားပေးရန် Burma Campaign UK က မတ်လ ၂ ရက်တွင် တောင်းဆိုထုတ်ပြန်ခြင်းဖြစ်သည်။

(Mytel ဆင်းကတ်များအသုံးမပြုရန် လှုံ့​ဆော် မီးရှို့ဆန္ဒပြ​နေသည်ကို ယမန်နှစ်က မန္တ​လေးမြို့၌ ​တွေ့ရစဥ်၊ ဓာတ်ပုံ - Black)

မြန်မာစစ်တပ်ပိုင် ကုမ္ပဏီ Mytel အက်ပလီကေးရှင်းများကို ဖယ်ရှားပစ်ရန် Apple နည်းပညာကုမ္ပဏီကို Burma Campaign UK က တောင်းဆိုထုတ်ပြန်သည်။

Apple သည် ရုရှားမှ လွဲ၍ RT နှင့် Sputnik အက်ပလီကေးရှင်းများကို ကမ္ဘာတဝန်းမှ ဖယ်ရှားပြီးနောက်တွင် အကြမ်းဖက်မြန်မာစစ်တပ်ပိုင် Mytelအက်ပလီကေးရှင်းကိုလည်း ဖယ်ရှားပေးရန် Burma Campaign UK က မတ်လ ၂ ရက်တွင် တောင်းဆိုထုတ်ပြန်ခြင်းဖြစ်သည်။

“ပူတင်လိုပါပဲ။ မြန်မာစစ်တပ်ဟာ ရုရှားတိုက်လေယာဥ်တွေသုံးပြီး လေကြောင်းကနေ ရုရှားဗုံးတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်တယ်။ Mytel အက်ပ်တွေကို လက်ခံထားခြင်းက Apple ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ကလေးငယ်တွေကို မုဒိန်းပြုကျင့်မှုတွေ ကျူးလွန်တဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးပတ်သက်မှု လုပ်ဆောင်နေတာပါ။ Apple ဟာ မြန်မာစစ်တပ်ဝင်ငွေရဖို့အတွက် ကူညီပေးနေတာကို ရပ်တန့်ရပါမယ်။ Mytels တွေကိုလည်း ဖယ်ရှားပစ်ရပါမယ်”ဟု Burma Campaign UK ဒါရိုက်တာ Mark Farmaner က ပြောသည်။

Apple သည် Mytel အက်ပ် ၇ ခုကို လက်ခံထားပြီး ယင်းအက်ပ်များကို ဖယ်ရှားပေးရန် ငြင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

Burma Campaign UK သည် Apple ကုမ္ပဏီကို မြန်မာစစ်တပ်နှင့် ဆက်နွှယ်မှုကြောင့် ၂၀၁၉ ကတည်း က အမည်ပျက်စာရင်းသွင်းခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တခြား စမတ်ဖုန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ တရုတ်ရဲ့ Xiaomiကတော့ စျေးကွက်ထဲ တင်ပို့ရောင်းချမယ့် ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကား SU7ကို မကြာသေးခင်က တရားဝင် ထုတ်ပြန် ပြသခဲ့ပါတယ်။

သတင်း

My Telတာဝါတိုင်စစ်ဆင်ရေးအားSpecial Revolution Forceနှင့်လည်းကောင်း၊ အမှတ် ၁၀ တပ်ကို မုံရွာခရိုင်ရင်း( ၆)နှင့်လည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က အသိပေးထားသည်။

သတင်း

အထက်ပါ ကျုံလမုကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော Mytel တာဝါတိုင်အား မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းကြောင်း ထုတ်ပြန်ထားသည်။

သတင်း

ပြီးခဲ့သည့်NLDအစိုးရလက်ထက်တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးများကိုလည်း ဦး စားပေးရောင်းချခဲ့ခြင်းအပါအဝင် အစိုးရအရာရှိများ၊ စီးပွားရေးခေါင်းဆောင်များကိုလည်း မိုင်တဲလ်ဆင်းမ်ကတ်သုံးစွဲရန် မက်လုံးများဖြင့် အရောင်းမြှင့်တင်ရေးလုပ်ဆောင်ခဲ့ကြောင်း JFM ကထုတ်ပြန်သည်။