Connect with us

Hi, what are you looking for?

News

မီးလာဖြတ်တဲ့အဖွဲ့ကို ဗီဒီယို ရိုက်တယ်ဆို ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ရိုက်နှက်သွား

မြရည်နန္ဒာအိမ်ရာ မှာ မီတာမဆောင်တဲ့နေအိမ်တွေကို စစ်ကောင်စီ က မီးဖြတ်တာ ၊မီတာဖြုတ်သိမ်းတာတွေလုပ်နေတာပါ။

People's Spring
People's Spring

မန္တလေး ၊ချမ်းမြသာစည်မြို့နယ်ထဲ က မြရည်နန္ဒနာ အိမ်ရာ မှာ ဒီနေ့မနက်ပိုင်းက မီးလာဖြတ်တဲ့ အဖွဲ့ကို ဖုန်းနဲ့ဗီဒီယို ရိုက်တယ်ဆိုပြီး အရပ်သားပြည်သူတစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သွားတယ်သိရပါတယ်။

မြရည်နန္ဒာအိမ်ရာ မှာ မီတာမဆောင်တဲ့နေအိမ်တွေကို စစ်ကောင်စီ က မီးဖြတ်တာ ၊မီတာဖြုတ်သိမ်းတာတွေလုပ်နေတာပါ။

ဒီနေ့မနက်ပိုင်း မှာတော့ အဲလို မီးလိုက်ဖြတ်တာကို ပြည်သူတစ်ဦးက ဗီဒီယို ရိုက်တယ်ဆိုကာ ဖုန်းကို ရိုက်ခွဲခဲ့သလို ရိုက်နှက်သွားတယ်လို့ ဒေသခံအချို့က ပြောပြပါတယ်။

မတ်လ ၂ ရက်ညနေပိုင်းကလည်း အမရပူရမြို့နယ်အတွင်း နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းချိန် လမ်းမပေါ်ကနေ ဖုန်းနဲ့ဗီဒီယို ရိုက်တဲ့ ပြည်သူတစ်ဦးကို ပစ်သတ်သွားပါသေးတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖြစ်စဉ်မှာတော့ သေနတ်ဝင်လုလို့ ကျည်ထွက်သွားတာလို့ စစ်ကောင်စီက သတင်းဖြန့်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook