မန္တလေး ၊ချမ်းမြသာစည်မြို့နယ်ထဲ က မြရည်နန္ဒနာ အိမ်ရာ မှာ ဒီနေ့မနက်ပိုင်းက မီးလာဖြတ်တဲ့ အဖွဲ့ကို ဖုန်းနဲ့ဗီဒီယို ရိုက်တယ်ဆိုပြီး အရပ်သားပြည်သူတစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သွားတယ်သိရပါတယ်။
မြရည်နန္ဒာအိမ်ရာ မှာ မီတာမဆောင်တဲ့နေအိမ်တွေကို စစ်ကောင်စီ က မီးဖြတ်တာ ၊မီတာဖြုတ်သိမ်းတာတွေလုပ်နေတာပါ။
ဒီနေ့မနက်ပိုင်း မှာတော့ အဲလို မီးလိုက်ဖြတ်တာကို ပြည်သူတစ်ဦးက ဗီဒီယို ရိုက်တယ်ဆိုကာ ဖုန်းကို ရိုက်ခွဲခဲ့သလို ရိုက်နှက်သွားတယ်လို့ ဒေသခံအချို့က ပြောပြပါတယ်။
မတ်လ ၂ ရက်ညနေပိုင်းကလည်း အမရပူရမြို့နယ်အတွင်း နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းချိန် လမ်းမပေါ်ကနေ ဖုန်းနဲ့ဗီဒီယို ရိုက်တဲ့ ပြည်သူတစ်ဦးကို ပစ်သတ်သွားပါသေးတယ်။
အဲဒီဖြစ်စဉ်မှာတော့ သေနတ်ဝင်လုလို့ ကျည်ထွက်သွားတာလို့ စစ်ကောင်စီက သတင်းဖြန့်ထားပါတယ်။

Public Service Announcement
