Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်​တောက်မှုအ​ပေါ် လူငယ်များ သတိ​ပေး

အော်ရီဒူးရုံးချုပ်နှင့် ဖုန်းအပြန်အလှန်ပြောကြားနေသည့် နှစ်မိနစ်ခန့်ပါ အသံဖိုင်ကို ပြည်သူ့ကာကွယ်ရေးလူငယ်အဖွဲ့က လူမှုကွန်ရက်တွင် တင်ထားသည်။

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်​တောက်ထားသည့်အပေါ် ဒေသခံပြည်သူ့ကာကွယ်ရေးလူငယ်အချို့က အော်ရီဒူးရုံးချုပ်သို့ဖုန်းခေါ်ဆို၍ သတိပေးလိုက်သည်။

အင်တာနက်စျေးနှုန်းများ မြှင့်တင်ထားသည့်အပြင် လိုင်းပါဖြတ်တောက်လိုက်၍ ဒေသခံများက ဒေါသထွက်နေသည်။ ထို့ကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးလူငယ်အချို့က ယနေ့(မတ်လ ၄ရက်) နံနက်တွင် အော်ရီဒူးရုံးချုပ်သို့ဖုန်းခေါ်ဆို၍ သတိပေးခြင်းဖြစ်သည်။

“လိုင်းဖွင့်ပေးရင်ပေး၊ မပေးရင် ခင်များတို့ကိုယ်တိုင် လာဖြုတ်။ မဖြုတ်ရင် ကျုပ်တို့ကိုယ်တိုင်ချိုးပစ်ရလိမ့်မယ်”ဟု ဖုန်းခေါ်ဆို၍ သတိပေးထားသည်ကို တွေ့ရသည်။

အော်ရီဒူးရုံးချုပ်နှင့် ဖုန်းအပြန်အလှန်ပြောကြားနေသည့် နှစ်မိနစ်ခန့်ပါ အသံဖိုင်ကို ပြည်သူ့ကာကွယ်ရေးလူငယ်အဖွဲ့က လူမှုကွန်ရက်တွင် တင်ထားသည်။

Public Service Announcement

Public Service Announcement

“ခင်များတို့ကစကစလက်အောက်ခံမို့ ဖင်ခေါင်းကျယ်တာလား”

“မိုက်ရိုင်းတာတွေ များနေပြီ။ ပြည်သူလူထုကို မစော်ကားနဲ့”ဟုလည်း လူငယ်အဖွဲ့က ပြောဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ မြို့နယ်လေးခု(စစ်ကိုင်း၊မုံရွာ၊ ရွှေဘို၊ကလေး)မှလွဲ၍ ကျန်မြို့နယ်အားလုံး၌ MPT၊အော်ရီဒူး နှင့် တယ်လီနော စသည့် ဆက်သွယ်ရေးမိုဘိုင်း အင်တာနက် လိုင်းအားလုံးကို ယမန်နေ့(မတ်လ ၃ ရက်)ည ၁၁နာရီကစ၍ အင်တာနက် ထပ်မံဖြတ်တောက်ထားသည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း အစွမ်းကုန်ယုတ်မာမှုများ ကျူးလွန်ရန် ယခုကဲ့သို့ ဆက်သွယ်ရေးဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မြှပည်သူများအနေဖြင့် ယခင်ကထက် အားစိုက်ကူညီကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။

သတင်း

Elon Musk ပိုင်ဆိုင်သော X(Twitter)လူမှုကွန်ရက်မှတဆင့် ရန်ဟီးလီိက တိုက််တွန်းခဲ့ခြင်းဖြစ််ပြီး အာဏာသိမ်းစစ်ကောင်စီက မြေပြင်အခြေအနေမှန်များ ကမ္ဘာအနှံ့ရောက််ရှိရန် အလွန်ခက်ခဲစေရေးအတွက် အင်တာနက််ပိတ်ဆို့များကိို ဆက်လက်လုပ်ဆောင််ထားဆဲဖြစ်ကြောင်း အသိပေး ဖော်ပြသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။