Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်​တောက်မှုအ​ပေါ် လူငယ်များ သတိ​ပေး

အော်ရီဒူးရုံးချုပ်နှင့် ဖုန်းအပြန်အလှန်ပြောကြားနေသည့် နှစ်မိနစ်ခန့်ပါ အသံဖိုင်ကို ပြည်သူ့ကာကွယ်ရေးလူငယ်အဖွဲ့က လူမှုကွန်ရက်တွင် တင်ထားသည်။

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်​တောက်ထားသည့်အပေါ် ဒေသခံပြည်သူ့ကာကွယ်ရေးလူငယ်အချို့က အော်ရီဒူးရုံးချုပ်သို့ဖုန်းခေါ်ဆို၍ သတိပေးလိုက်သည်။

အင်တာနက်စျေးနှုန်းများ မြှင့်တင်ထားသည့်အပြင် လိုင်းပါဖြတ်တောက်လိုက်၍ ဒေသခံများက ဒေါသထွက်နေသည်။ ထို့ကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးလူငယ်အချို့က ယနေ့(မတ်လ ၄ရက်) နံနက်တွင် အော်ရီဒူးရုံးချုပ်သို့ဖုန်းခေါ်ဆို၍ သတိပေးခြင်းဖြစ်သည်။

“လိုင်းဖွင့်ပေးရင်ပေး၊ မပေးရင် ခင်များတို့ကိုယ်တိုင် လာဖြုတ်။ မဖြုတ်ရင် ကျုပ်တို့ကိုယ်တိုင်ချိုးပစ်ရလိမ့်မယ်”ဟု ဖုန်းခေါ်ဆို၍ သတိပေးထားသည်ကို တွေ့ရသည်။

အော်ရီဒူးရုံးချုပ်နှင့် ဖုန်းအပြန်အလှန်ပြောကြားနေသည့် နှစ်မိနစ်ခန့်ပါ အသံဖိုင်ကို ပြည်သူ့ကာကွယ်ရေးလူငယ်အဖွဲ့က လူမှုကွန်ရက်တွင် တင်ထားသည်။

Public Service Announcement

Public Service Announcement

“ခင်များတို့ကစကစလက်အောက်ခံမို့ ဖင်ခေါင်းကျယ်တာလား”

“မိုက်ရိုင်းတာတွေ များနေပြီ။ ပြည်သူလူထုကို မစော်ကားနဲ့”ဟုလည်း လူငယ်အဖွဲ့က ပြောဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ မြို့နယ်လေးခု(စစ်ကိုင်း၊မုံရွာ၊ ရွှေဘို၊ကလေး)မှလွဲ၍ ကျန်မြို့နယ်အားလုံး၌ MPT၊အော်ရီဒူး နှင့် တယ်လီနော စသည့် ဆက်သွယ်ရေးမိုဘိုင်း အင်တာနက် လိုင်းအားလုံးကို ယမန်နေ့(မတ်လ ၃ ရက်)ည ၁၁နာရီကစ၍ အင်တာနက် ထပ်မံဖြတ်တောက်ထားသည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း အစွမ်းကုန်ယုတ်မာမှုများ ကျူးလွန်ရန် ယခုကဲ့သို့ ဆက်သွယ်ရေးဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မြှပည်သူများအနေဖြင့် ယခင်ကထက် အားစိုက်ကူညီကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။