Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက နှစ်ရက်အတွင်း နေအိမ် ၂၀၀ကျော်မီးရှို့၊ ပြည်သူ ၁၀ဦးထက်မနည်းသတ်ဖြတ်ခဲ့ဟု ဂန့်ဂေါ(ပအဖ) ထုတ်ပြန်

ဂန့်ဂေါမြို့နယ်တွင်းပြည်သူများ၊ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများ အနေဖြင့်လည်း ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှုများအတွက်ပူးပေါင်းကူညီပံ့ပိုးပေးကြရန်လည်း ဂန့်ဂေါ(ပအဖ) က မေတ္တာရပ်ခံတိုက်တွန်းထားသည်။

(ဂန့်​ဂေါနယ်ရှိ ​ကျေးရွာတစ်ရွာ မီးရှို့ဖျက်ဆီးခံရပြီး​နောက် ​တွေ့ရစဥ်၊ ဓာတ်ပုံ - ​ပေးပို့)

အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်လက်ပါးစေ ပျူစောထီးများသည် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ဝင်ရောက်မီးရှို့ကာ အပြစ်မဲ့ပြည်သူအချို့ကိုလည်း တရားမဲ့သတ်ဖြတ်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၈ရက်နှင့် မတ်လ ၁ရက်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး လက်ချက်ကြောင့် ရွှေဘိုရွာနှင့်ကံတိုးရွာတွင် လူနေအိမ် ၂၆လုံး၊ သင်တောရွာတွင် လူနေအိမ် ၁၄၇လုံး၊ မြင်သားရွာတွင် လူနေအိမ် ၂လုံး၊ကုန်း(မြင်သားကုန်းရွာ)တွင် လူနေအိမ် ၃၆လုံး စုစုပေါင်းအိမ်ခြေ ၂၁၁ထက်မနည်း မီးလောင်ပြာကျ ပျက်စီးသွားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်နှင့်လက်ပါးစေ ပျူစောထီးများလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ရကြောင်း၊ မီးဘေးသင့်အိမ်ခြေနှင့် ကျဆုံးပြည်သူအရေအတွက်မှာ လတ်တလော အတည်ပြုနိုင်သည့် အရေအတွက်သာဖြစ်ပြီးယခုထက်ပိုများနိုင်ကြောင်း ဂန့်ဂေါ(ပအဖ)က ထုတ်ပြန်သည်။

ပြည်သူများ၏ ဆုံးရှုံးရမှုများအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် ပြည်သူများ၏ ထိခိုက်နစ်နာမှုများအတွက် အတတ်နိုင်ဆုံး ကြိုးစားကူညီပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဂန့်ဂေါမြို့နယ်တွင်းပြည်သူများ၊ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများ အနေဖြင့်လည်း ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှုများအတွက်ပူးပေါင်းကူညီပံ့ပိုးပေးကြရန်လည်း ဂန့်ဂေါ(ပအဖ) က မေတ္တာရပ်ခံတိုက်တွန်းထားသည်။

“ကျွန်​တော်တို့ ရရှိထားတဲ့အချက်အလက်တွေအရဆို ခန့်မှန်း (စစ်ရှောင်ပြည်သူ)၁၅၀၀၀ လောက်ထိ ရှိပါတယ် တစ်နယ်လုံးမှာပေါ့လေ။ အဓိကက အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပါခင်ဗျ”ဟု ပအဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။