Connect with us

Hi, what are you looking for?

News

မတ္တရာတွင် မိုင်းဖြင့်တိုက်ခိုက်ခံရသည့်စစ်ကောင်စီတပ် ကင်းရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးဟု ဒေသခံပြော

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ် သဖန်းကိုင်းရွာသို့ပြီးခဲသည့်ရက်ပိုင်း ကဝင်ရောက်လာပြီးအနီးဝန်းကျင်ကျေးရွာများကို စီးနင်းရှာဖွေမှုလုပ်ဆောင်နေခြင်းဖြစ်သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ယနေ့နနက်ပိုင်းက စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နေ့လည်ပိုင်းတွင်ကင်းရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးနေကြောင်းဒေသခံက ပြောသည်။

ယနေ့ နံနက် ၁၁နာရီခန့်က ကင်းရွာနှင့် ကျောက်ဆည်လေး​ကျေးရွာအကြားတွင် ဆိုင်ကယ်ဖြင့်လှည့်လည်နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ပြီးအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်သည်ဟု ဒေသခံက ပြောသည်။

“ကင်းရွာက ရွာတောင်ဘက်ပိုင်းက တစ်အိမ်နဲ့ မြောက်ဘက်ပိုင်းက တစ်အိမ်နှစ်အိမ်ရှို့ခံထားရတယ်။ အခု ဖြစ်စဉ်ဖြစ်ပြီးတော့ပေါ့။ ၁နာရီနဲ့၄၅မိနစ်မှာ စရှို့တာ။မီးရှို့ခံရပြီးတော့၂နာရီနဲ့ ၅မိနစ်လောက် မှာကား ၂စီးနဲ့စစ်ခွေးတွေအပြည့်ဝင်လာတာရှိတယ်။ ကင်းရွာကို ရောက်သွားပြီ” ဟုဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ် သဖန်းကိုင်းရွာသို့ပြီးခဲသည့်ရက်ပိုင်း ကဝင်ရောက်လာပြီးအနီးဝန်းကျင်ကျေးရွာများကို စီးနင်းရှာဖွေမှုလုပ်ဆောင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။