Connect with us

Hi, what are you looking for?

News

စီးပွားရေး ပိတ်ဆို့မှုတွေကို စစ်ကြေညာမှုအနေနဲ့ ယူဆကြောင်း ပူတင်ပြော

အမေရိကန်နဲ့ NATO မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းကို ကျူးကျော်စစ် ပြုခဲ့တဲ့ ရုရှား အစိုးရကို ဘက်ပေါင်းစုံကနေ အကြီးအကျယ် ထိုးနှက်တဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရုရှား ဗဟိုဘဏ်ရဲ့ နိုင်ငံတကာမှာ အပ်နှံထားတဲ့ နိုင်ငံခြား ငွေကြေးတွေ ထိန်းချုပ် ခံရသလို ရုရှားရဲ့ ရူဘယ်လ် ငွေကြေး တန်ဖိုးကလည်း ထိုးကျသွားခဲ့ပါတယ်။

အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေဟာ ရုရှားအပေါ် စစ်ကြေညာနေတယ်လို့ ယူဆကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ NATO မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းကို ကျူးကျော်စစ် ပြုခဲ့တဲ့ ရုရှား အစိုးရကို ဘက်ပေါင်းစုံကနေ အကြီးအကျယ် ထိုးနှက်တဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရုရှား ဗဟိုဘဏ်ရဲ့ နိုင်ငံတကာမှာ အပ်နှံထားတဲ့ နိုင်ငံခြား ငွေကြေးတွေ ထိန်းချုပ် ခံရသလို ရုရှားရဲ့ ရူဘယ်လ် ငွေကြေး တန်ဖိုးကလည်း ထိုးကျသွားခဲ့ပါတယ်။

ဒီလို ထိုးနှက်မှုတွေကို ရုရှားကလည်း စစ်ကြေညာမှု ပုံစံတစ်ခုလို့ ယူဆထားကြောင်း ပူတင်က ဆိုပါတယ်။ တကယ်တမ်း အနောက်အုပ်စု နိုင်ငံတွေနဲ့ ရုရှား စစ်ဖြစ်မလာသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်သင့်ကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး တောင်းဆိုထားတဲ့ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်မှုကို NATO မဟာမိတ် အဖွဲ့က လိုက်လျောခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့လည်း ပူတင်က သတိပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းနဲ့ ရုရှား စစ်ပွဲ ၁၀ ရက် ကျော်လွန်လာတဲ့နောက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ ပူတင်ရဲ့ ပြည်ပ ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းထားလိုက်သလို ရုရှားကိုလည်း နိုင်ငံတကာ ငွေပေးချေမှု စနစ် Swiftကနေ ဖယ်ထုတ်လိုက်ပါတယ်။ ပူတင်နဲ့ နီးစပ်တဲ့ ရုရှား သူဌေးကြီးတွေရဲ့ ဥရောပက ပိုင်ဆိုင်မှုတွေပါ သိမ်းဆည်း ခံနေရပါတယ်။

ဒါ့အပြင် နိုင်ငံတကာ နာမည်ကြီး ထုတ်ကုန် အမှတ်တံဆိပ်တွေလည်း ရုရှားကနေ တစ်ခုပြီးတစ်ခု ပြန်လည် ထွက်ခွာနေကြပါတယ်။ ပူတင်ကတော့ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲဟာ ရပ်တည်ချက် မှန်ကန်တယ်လို့ အခိုင်အမာ ပြောဆိုနေဆဲပါ။ ယူကရိန်းမှာ ရုရှား စကားပြောတဲ့ မျိုးနွယ်စုတွေ ဖိနှိပ် ခံနေရတာကို ကာကွယ်ဖို့ အခုလို စစ်တိုက်ခဲ့တာလို့ ပူတင်က ပြောပါတယ်။

သူက ရုရှားမှာလည်း စစ်အုပ်ချုပ်ရေး သတ်မှတ်ပြီး အရေးပေါ် အခြေအနေ ကြေညာဖို့ စဉ်းစားနေတယ်ဆိုတဲ့ ကောလာဟလတွေကိုတော့ ငြင်းဆိုသွားပါတယ်။ စစ်ပွဲက ၁၀ ရက်ကျော် ကြာမြင့်လာပေမယ့် မှန်းထားသလို အောင်မြင်မှုတွေ မရတာနဲ့ ပတ်သက်လို့လည်း ပူတင်က ရဲရင့်တဲ့ ရုရှား စစ်သည်တော်တွေဟာ ရှေ့တန်းမှာ ကိုယ့်တာဝန်ကိုယ် ကျေကျေပြွန်ပြွန် ထမ်းဆောင်နေကြကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။