Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲတလျှောက် ရုရှားစစ်သား ၅၀၀၀၀ ကျော် သေဆုံးခဲ့

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

ယူကရိန်း စစ်ပွဲတလျှောက် ရုရှားစစ်သား ၅၀၀၀၀ ကျော် သေဆုံးခဲ့
ယူကရိန်း စစ်ပွဲတလျှောက် ရုရှားစစ်သား ၅၀၀၀၀ ကျော် သေဆုံးခဲ့

ယူကရိန်း ကျူးကျော်စစ်ပွဲ ကာလအတွင်း ရုရှားတပ်တွေ အသေအပျောက် အရေအတွက် ၅၀၀၀၀ ကျော်လွန်သွားပြီလို့ BBC သတင်းဌာနက ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၂ လတာ ကာလအတွင်း ရုရှားဟာ ရှေ့တန်း စစ်မြေပြင်မှာ အသားကြိတ်စက်လို့ နာမည်ဆိုးနဲ့ ခိုင်းနှိုင်းခံရတဲ့ နည်းဗျူဟာကို ပိုမို အသုံးချလာပြီး အသေအပျောက်ကလည်း စစ်ပွဲ ပထမနှစ်ကထက် ၂၅ ရာခိုင်နှုန်း တိုးလာတယ်လို့ BBCက ဆိုပါတယ်။

အသားကြိတ်စက် ဆိုတာက တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေကို အလေးမထားဘဲ အလွန်အကျွံ စွန့်စားရတဲ့ စစ်ဆင်ရေးတွေမှာ အတင်းအကျပ် စေလွှတ်တာကို ဆိုလိုတာပါ။

BBCရဲ့ ရုရှားအခြေစိုက် ဌာနခွဲနဲ့ လွတ်လပ်တဲ့ သုတေသန ဌာနတစ်ခုဖြစ်တဲ့ Mediazonaတို့ဟာ စစ်ပွဲကာလ ရုရှားဖက်က အသေအပျောက် စာရင်းတွေကို စစ်ပွဲအစပြုခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက စိစစ် ကောက်ယူနေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကောင်းကင်မှတ်တမ်း ဓာတ်ပုံတွေ အရလည်း သင်္ချိုင်းအသစ်တွေ၊ မြေမြှုပ်သင်္ဂြိုဟ်ထားရာ မြေပုံတွေ လျင်လျင်မြန်မြန် တိုးပွားလာနေတာကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ သင်္ချိုင်းသစ်တွေမှာ လေ့လာကြည့်တဲ့အခါ သေဆုံးစစ်သားတွေရဲ့ နာမည်တွေကိုပါ အတည်ပြုလာနိုင်ခဲ့ပါတယ်။

ရုရှားကတော့ BBCရဲ့ သတင်းဖော်ပြချက်ကို တိတိကျကျ ငြင်းဆိုတာမျိုး မရှိပေမယ့် ကာကွယ်ရေး ဝန်ကြီးဌာန တစ်ခုတည်းကသာ အဲဒီလို ကိစ္စမျိုးရဲ့ အချက်အလက် ကိန်းဂဏန်းတွေကို ထုတ်ပြန်နိုင်တာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

ဒါတောင်မှ အခုစာရင်းထဲမှာ ယူကရိန်း အရှေ့ပိုင်းက ရုရှား ထိန်းချုပ်ထားရာ ဒွန်းညက်စ်ခ်နဲ့ လူဟန့်စ်ခ် နယ်မြေတွေထဲက ဒေသခံ ခွဲထွက်ရေး ပြောက်ကျားတွေရဲ့ အသေအပျောက် စာရင်းကို ထည့်တွက်မထားပါဘူး။ အဲဒီ စာရင်းတွေသာ ပါလာမယ်ဆိုရင် ဒီထက် အရေအတွက် အများကြီး တိုးလာနိုင်တယ်လို့ BBCက ဆိုပါတယ်။

စစ်ပွဲမှာ ယူကရိန်းဖက်ကလည်း အမြောက်အမြား သေဆုံးမယ့် အခြေအနေ ရှိနေပြီး ကိန်းဂဏန်းတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်း စစ်သည် ၃၁၀၀၀ လောက် ကျဆုံးခဲ့ကြောင်း ကြေညာထားပေမယ့် အမေရိကန် စစ်ထောက်လှမ်းရေးနဲ့ တခြားသုတေသန အဖွဲ့အစည်းတွေကတော့ အမှန်တကယ် သေဆုံးသူ ဦးရေဟာ အဲဒီထက် အများကြီး ပိုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

Facebook