Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား အဆောက်အအုံတွေကို မတိုက်ခိုက်ဖို့ ရုရှားနဲ့ ယူကရိန်းကို ကုလသမဂ္ဂ အေဂျင်စီ သတိပေး

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နျူကလီးယား အဆောက်အအုံတွေကို မတိုက်ခိုက်ဖို့ ရုရှားနဲ့ ယူကရိန်းကို ကုလသမဂ္ဂ အေဂျင်စီ သတိပေး
နျူကလီးယား အဆောက်အအုံတွေကို မတိုက်ခိုက်ဖို့ ရုရှားနဲ့ ယူကရိန်းကို ကုလသမဂ္ဂ အေဂျင်စီ သတိပေး

ရုရှားရော၊ ယူကရိန်းပါ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေကို တိုက်ခိုက်တာမျိုးကနေ ချုပ်တီးကြဖို့လိုကြောင်း ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်ရေး အေဂျင်စီက သတိပေးခဲ့ပါတယ်။

ယူကရိန်းပိုင် ဇာပေါ့ရစ်ဇီရာ ပြည်နယ်ထဲက ရုရှားတပ်တွေ ထိန်းချုပ်ထားရာ နျူကလီးယား ဓာတ်အားပေး စက်ရုံကို ဒရုန်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တွေ့ကြုံခဲ့တဲ့နောက် နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)က အခုလို လုပ်ရပ်မျိုးကြောင့် နောက်ဆက်တွဲ ဆိုးရွားလှတဲ့ နျူကလီးယား ကပ်ဘေးတွေ ဖြစ်လာနိုင်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ရုရှားက ဥရောပတိုက်ရဲ့ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုမှာ လူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ကြေညာခဲ့ပြီး ယူကရိန်းကတော့ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ အဲဒီ ဓာတ်အားပေး စက်ရုံကြီးမှာ ဓာတ်ပေါင်းဖို ၆ ခုရှိပြီး ရုရှား-ယူကရိန်း ရှေ့တန်းစစ်မြေပြင် ဇုန်ထဲမှာ တည်ရှိနေပါတယ်။

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်အားပေးစက်ရုံကို တိုက်ခိုက်မှုဟာ အဆင်ခြင် ကင်းမဲ့လွန်ပြီး နျူကလီးယားဆိုင်ရာ လုံခြုံရေးကဏ္ဍကို ထိခိုက်စေပြီး အန္တရာယ်ဆိုးတွေကို ဖိတ်ခေါ်သလို ဖြစ်လာနိုင်တယ်လို့ IAEAရဲ့ အကြီးအကဲ ရာဖာရဲလ် ဂရော့ဆီက ဧပြီ ၇ ရက်နေ့မှာ ဝေဖန် ပြောကြားခဲ့ပါတယ်။

ယူကရိန်း တောင်ပိုင်းမှာ ရှိနေတဲ့ ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေး စက်ရုံဟာ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ IAEAရဲ့ ပညာရှင်တွေက အတည်ပြုထားပါတယ်။ တိုက်ခိုက်မှုနောက်ပိုင်း ဓာတ်အားပေး စက်ရုံဟာ ဆိုးဆိုးရွားရွား ပျက်စီးတာမျိုးတော့ မဟုတ်ခဲ့သလို ရေဒီယို သတ္တိကြွ ဖြာထွက်မှု အခြေအနေကလည်း တည်ငြိမ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဓိက ဓာတ်ပေါင်းဖိုကြီးရဲ့ ထိန်းချုပ်ရေး အဆောက်အအုံတွေကို အနည်းဆုံး ၃ ချက်လောက် ထိမှန်ခဲ့တယ် ဆိုတာကတော့ ကြောက်စရာ ကောင်းလွန်းတဲ့ အရှိတရား ဖြစ်တယ်လို့ ဂရော့ဆီက ပြောပါတယ်။ ဒီကိစ္စမျိုးတွေ ဖြစ်ကို ဖြစ်လို့ မရကြောင်း၊ နျူကလီးယားနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေကို တိုက်ခိုက်တာက ဘယ်သူ့အတွက်မှာ စစ်ရေးအရ၊ နိုင်ငံရေးအရ အားသာချက် မဖြစ်နိုင်တာကြောင့် လက်သင့်ခံနိုင်စရာလည်း မရှိကြောင်း သူက ထောက်ပြသွားပါတယ်။

ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေး စက်ရုံဟာ အရင်ကလည်း တိုက်ခိုက်ခံရတဲ့ အခြေအနေတွေ ရှိခဲ့ဖူးပြီး ရုရှားနဲ့ ယူကရိန်းတို့က အဲဒီလုပ်ရပ်နဲ့ ပတ်သက်လို့ အပြန်အလှန် အပြစ်ဖို့ခဲ့ကြပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

Facebook