Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား လေတပ်စခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး တိုက်လေယာဉ် ၆ စီးထက်မနည်း ဖျက်ဆီးခဲ့ကြောင်း ယူကရိန်း ကြွေးကြော်

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရုရှား လေတပ်စခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး တိုက်လေယာဉ် ၆ စီးထက်မနည်း ဖျက်ဆီးခဲ့ကြောင်း ယူကရိန်း ကြွေးကြော်
ရုရှား လေတပ်စခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး တိုက်လေယာဉ် ၆ စီးထက်မနည်း ဖျက်ဆီးခဲ့ကြောင်း ယူကရိန်း ကြွေးကြော်

ရုရှား လေတပ်စခန်း တခုကို ဒရုန်းတွေ အလုံးအရင်း အသုံးပြု တိုက်ခိုက်ခဲ့တဲ့နောက် အနည်းဆုံး စစ်လေယာဉ် ၆ စီးကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်က ရုရှားတောင်ပိုင်း၊ ရော့စတော့ဗ် ဒေသမှာရှိတဲ့ မိုရိုဇော့ဗ်စ်ခ် လေတပ်စခန်းကို ဒရုန်းတွေ အုံလိုက်ကျင်းလိုက် စေလွှတ်ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ ရုရှား စစ်လေယာဉ် ၆ စီး လုံးဝဥဿုံ ပျက်စီးခဲ့ပြီး နောက်ထပ် ၈ စီးလောက်လည်း ထိခိုက်မှုတွေ အထင်အရှား ရှိခဲ့တယ်လို့ ယူကရိန်းက ကြေညာပါတယ်။

နောက်ပြီး ရုရှား စစ်မှုထမ်း ၂၀ ထက်မနည်း သေကြေတာ၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့လည်း ယူကရိန်းက အခိုင်အမာ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ အဆိုအတွက် တိကျတဲ့ အထောက်အထားမျိုးတော့ မထုတ်ပြန်ခဲ့ပါဘူး။

မိုရိုဇော့ဗ်စ်ခ် လေတပ်စခန်းဟာ ပုံမှန်အားဖြင့် ရုရှားရဲ့ Su-27နဲ့ Su-34 တိုက်လေယာဉ်တွေ အဓိက အခြေစိုက်တဲ့ နေရာဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ အရေးပါတဲ့ ရှေ့တန်း စစ်စခန်းတစ်ခု အဖြစ်လည်း စစ်ဆင်ရေးတွေ ဆောင်ရွက်နေပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ရေး သုတေသီတွေကတော့ အချိန်တိုလေး တစ်ခုထဲမှာ နေရာတစ်ခုတည်းကို ဒရုန်းတွေ အများကြီး အုံနဲ့ကျင်းနဲ့ တိုက်ခိုက်လာရင် အစွမ်းအထက်ဆုံး လေကြောင်း ကာကွယ်ရေး စနစ်တွေတောင်မှ မနိုင်မနင်း ဖြစ်သွားနိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

ယူကရိန်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားရဲ့ စစ်ရေးနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ ပစ်မှတ်တွေကို ဒရုန်းတွေ အသုံးပြု တိုက်ခိုက်မှုတွေ အရှိန်မြှင့် အကောင်အထည် ဖော်လာပါတယ်။ မကြာသေးခင်ကလည်း ယူကရိန်းဟာ အရပ်ဖက် အမောင်းသင် အပေါ့စား လေယာဉ်ငယ် တစီးကို ဖောက်ခွဲရေး ကိရိယာတွေ တပ်ဆင်ထားတဲ့ ဒရုန်းအသွင် မွမ်းမံ ပြင်ဆင်ပြီး တာတာစတန်မှာရှိတဲ့ ရေနံချက်စက်ရုံနဲဲ့ ဒရုန်းစက်ရုံ တခုကို တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Facebook