Connect with us

Hi, what are you looking for?

News

ဖလမ်းတွင် ငါးရက်အတွင်း စစ်​ကောင်စီတပ်က အိမ် ၂၈ လုံးကိုမီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် မတ် ၂ ရက်တွင် ဖလမ်းမြို့နယ်၊ ဒေါက်တက်ကျေးရွာအတွင်း နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။နေအိမ် ၅ လုံးမှာလည်းလက်နက်ကြီးထိမှန်ပျက်စီးခဲ့ရသည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့နယ်မှ ပြည်သူများ၏အိမ်များကို မီးရှို့ဖျက်ဆီးထားမှု ။ ဓါတ်ပုံ-CNO)

●အကြမ်းဖက်လုပ်ရပ်များအ​ပေါ်ပြန်းထန်စွာရှုတ်ချပြီး အမြစ်ပြတ်သည်အထိ့​တော်လှန်မည်ဟု CNOထုတ်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ၅ ရက်အတွင်း လူနေအိမ် ၂၈ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)က ယမန်​နေ့ကထုတ်ပြန်သည်။

ထိုသို့လုပ်ရပ်များသည် အကြမ်းဖက်စစ်ကောင်စီတပ်၏ လူမဆန်သည့် လုပ်ရပ်များဖြစ်ပြီး ပြင်းထန်စွာရှုတ်ချကြောင်းနှင့် အာဏာရှင်စနစ်အမြစ်ပြတ်သည့် အထိ ဆက်လက်တော်လှန်သွားမည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်ကသ​​ဘောထားထုတ်ပြန်သည်။

(အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့နယ်မှ ပြည်သူများ၏အိမ်များကို မီးရှို့ဖျက်ဆီးထားမှု ။ ဓါတ်ပုံ-CNO)

အကြမ်းဖက်စစ်ကောင်စီသည် နေအိမ်များကို မီးရှို့ဖျက်ဆီးရုံသာမက မြေမြှပ်မိုင်းများလည်းထောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မတ် ၂ ရက်တွင် ဖလမ်းမြို့နယ်၊ ဒေါက်တက်ကျေးရွာအတွင်း နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။နေအိမ် ၅ လုံးမှာလည်းလက်နက်ကြီးထိမှန်ပျက်စီးခဲ့ရသည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့နယ်မှ ပြည်သူများ၏အိမ်များကို မီးရှို့ဖျက်ဆီးထားမှု ။ ဓါတ်ပုံ-CNO)

ထိုအပြင် မတ် ၆ ရက်တွင်လည်း ဖလမ်းမြို့နယ်၊ လိုင်မွာလ်ကျေးရွာတွင် နေအိမ်တစ်လုံးနှင့် တလန်လိုရပ်ကွက်တွင် နေအိမ် ၃ လုံးကိုစစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု CNOကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မြေမြှပ်မိုင်း​ထောင်ထားခဲ့ခြင်းကြောင့် ရမ်ထလိုကျေးရွာနှစ်ချင်း ဘုရားကျောင်းမှာ ဆရာတော်ဦးအောင်ရွှေသည် မြေမြှပ်နိုင်းနင်းမိကာ ဘယ်ဖက်ခြေမျက်စီအောက်ပိုင်း ပြတ်သွားခဲ့ရသည်ဟုလည်းပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်