Connect with us

Hi, what are you looking for?

News

မိုးညှင်းတက္ကသိုလ်ရှိ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာ ဗိုလ်အပါအဝင် ၁၂ဦးသေဟု KPDF(နန်းမား) ထုတ်ပြန်

မတ်လ ၇ရက်က မိုးညှင်းမြို့ နန်းမားနှင့် ညောင်ကုန်းကြား၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် KPDF(နန်းမား)နှင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ခုနစ်ဦးကျဆုံးခဲ့သည့်အပေါ် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ပြီး သွေးကြွေးပြန်ယူခဲ့သည်ဟု ဖော်ပြထားသည်။

(KPDF ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်၊ ဓာတ်ပုံ - KPDF)

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ မိုးညှင်းတက္ကသိုလ်၌ စခန်းချနေသည့် စစ်ကောင်စီတပ်များကို ယနေ့(မတ်လ ၈ရက်)နံနက်အစောပိုင်း၌ သွားရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်မှ ၁၂ဦး သေဆုံးခဲ့ကြောင်း ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)-နန်းမားက သတင်းထုတ်ပြန်သည်။

မတ်လ ၇ရက်က မိုးညှင်းမြို့ နန်းမားနှင့် ညောင်ကုန်းကြား၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် KPDF(နန်းမား)နှင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ခုနစ်ဦးကျဆုံးခဲ့သည့်အပေါ် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ပြီး သွေးကြွေးပြန်ယူခဲ့သည်ဟု ဖော်ပြထားသည်။

ယနေ့ တိုက်ပွဲတွင် KPDF (နန်းမား)ဘက်မှ ထိခိုက်ကျ ဆုံးမှုမရှိကြောင်း ထုတ်ပြန်သည်။

မတ်လ ၇ရက်က စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KPDFတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုတွင် ပူးပေါင်းတပ်ဖွဲ့မှ ကျဆုံးမှုရှိသကဲ့သို့ စစ်ကောင်စီတပ်ဘက်မှလည်း စစ်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် သေဆုံးခဲ့သည်ဟု KPDF (နန်းမား)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။