Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးညှင်းတက္ကသိုလ်ရှိ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာ ဗိုလ်အပါအဝင် ၁၂ဦးသေဟု KPDF(နန်းမား) ထုတ်ပြန်

မတ်လ ၇ရက်က မိုးညှင်းမြို့ နန်းမားနှင့် ညောင်ကုန်းကြား၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် KPDF(နန်းမား)နှင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ခုနစ်ဦးကျဆုံးခဲ့သည့်အပေါ် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ပြီး သွေးကြွေးပြန်ယူခဲ့သည်ဟု ဖော်ပြထားသည်။

(KPDF ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်၊ ဓာတ်ပုံ - KPDF)

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ မိုးညှင်းတက္ကသိုလ်၌ စခန်းချနေသည့် စစ်ကောင်စီတပ်များကို ယနေ့(မတ်လ ၈ရက်)နံနက်အစောပိုင်း၌ သွားရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်မှ ၁၂ဦး သေဆုံးခဲ့ကြောင်း ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)-နန်းမားက သတင်းထုတ်ပြန်သည်။

မတ်လ ၇ရက်က မိုးညှင်းမြို့ နန်းမားနှင့် ညောင်ကုန်းကြား၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် KPDF(နန်းမား)နှင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ခုနစ်ဦးကျဆုံးခဲ့သည့်အပေါ် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ပြီး သွေးကြွေးပြန်ယူခဲ့သည်ဟု ဖော်ပြထားသည်။

ယနေ့ တိုက်ပွဲတွင် KPDF (နန်းမား)ဘက်မှ ထိခိုက်ကျ ဆုံးမှုမရှိကြောင်း ထုတ်ပြန်သည်။

မတ်လ ၇ရက်က စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KPDFတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုတွင် ပူးပေါင်းတပ်ဖွဲ့မှ ကျဆုံးမှုရှိသကဲ့သို့ စစ်ကောင်စီတပ်ဘက်မှလည်း စစ်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် သေဆုံးခဲ့သည်ဟု KPDF (နန်းမား)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။