Connect with us

Hi, what are you looking for?

News

မိုးညှင်း​ကောလိပ်အတွင်းတပ်စွဲထား​သောစစ်​ကောင်စီတပ်ကိုတိုက်ခိုက်မှုဗိုလ်မှူးအပါသေသူ၆ဦးထပ်တိုး၊ စုစုပေါင်း၁၆ဦး​သေ

“စစ်ခွေးတွေနဲ့ပါတ်သက်သူမှန်သမျှကိုအရေးယူတော့မယ်လို့နောက်ဆုံးသတိပေးမယ်။မင်းတို့ အသည်းကို တစ်စဆီဆွဲဖြဲပစ်မယ်။ဒီနေ့မနက်က နမူနာပဲပြသေးတာ။နောက်ထပ်တက္ကသိုလ်ထဲမှာ ​ကျောင်းသား‌တွေကိုပဲ မြင်ချင်တယ်။ခွေးဆိုတာ တော်ရာတန်ရာနေတတ်ရတယ်” ဟု လည်း မိုးညှင်း​တော်လှန်​ရေး ​ဖေစ်ဘွခ်စာမျက်နှာက သတိပေးထားသည်။

(ကချင်​ဒေသPDFတက်ဖွဲ့ဝင်တစ်ဦး/ မိုးညှင်းမြို့အဝင်ဆိုင်းဘုတ် ။ဓါတ်ပုံ-KPDF/CJ)

မိုးညှင်းကောလိပ်ဝန်းအတွင်း တပ်စွဲထားသည့် အကြမ်းဖမ်းစစ်ကောင်စီကို KIAနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက ယ​နေ့တိုက်ခိုက်မှုတွင် စစ်​ကောင်စီဘက်မှ ​သေဆုံးသူများတွင် ဗိုလ်မှူးတစ်ဦးပါဝင်ပြီး ၆ ဦးထပ်တိုး​ကြောင်း မိုးညှင်း​တော်လှန်​ရေး​ဖေစ်ဘွခ်စာမျက်နှာကထုတ်ပြန်သည်။

ယ​နေ့​နေ့ခင်းပိုင်းတွင် အဆိုပါတိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦး​သေဆုံး​ကြောင်းကနဦးထုတ်ပြန်ထားသည်။ထို​ကြောင့် ​ခြောက်ဦးထပ်တိုး၍စစ်​ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင်သေဆုံးသူစုစု​ပေါင်းမှာ ၁၈ဦး ဖြစ်​ကြောင်း တပ်တွင်းဖရဲသီး(သတင်း​ပေး)ကပေးပို့သော သတင်းကိုကိုးကား၍ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဘက်မှ “မ​နေ့ကအ​ကြွေး”ဟုထုတ်ပြန်သည်။

(ကချင်​ဒေသPDFတက်ဖွဲ့ဝင်တစ်ဦး/ မိုးညှင်းမြို့အဝင်ဆိုင်းဘုတ် ။ဓါတ်ပုံ-KPDF/CJ)

အကြမ်းဖမ်းစစ်ကောင်စီတပ်ကို KIA၊ မိုးညှင်းPDF နှင့် မကွေးPDF တို့က ပူးပေါင်း၍ ယနေ့(မတ်လ ၈ရက်) နံနက် သုံးနာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မတ်လ ၇ ရက်တွင် မိုးညှင်းမြို့နယ်တွင် စစ်​ကောင်စီတပ်ကို PDF ပူး​ပေါင်းအဖွဲ့နှင့် KIAတို့က ပူး​ပေါင်းတိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ၂၀ ​ကျော်​သေဆုံးခဲ့​သော်လည်း PDFတပ်ဖွဲ့ဝင် ၇ ဦးကျဆုံးခဲ့သည်။ ထို့​ကြောင့် ယ​နေ့ PDFပူး​ပေါင်းအဖွဲ့ကထပ်မံတိုက်ခိုက်​သွေး​ကြွေး​တောင်းခဲ့ခြင်းဖြစ်သည်။

“စစ်ခွေးတွေနဲ့ပါတ်သက်သူမှန်သမျှကိုအရေးယူတော့မယ်လို့နောက်ဆုံးသတိပေးမယ်။မင်းတို့ အသည်းကို တစ်စဆီဆွဲဖြဲပစ်မယ်။ဒီနေ့မနက်က နမူနာပဲပြသေးတာ။နောက်ထပ်တက္ကသိုလ်ထဲမှာ ​ကျောင်းသား‌တွေကိုပဲ မြင်ချင်တယ်။ခွေးဆိုတာ တော်ရာတန်ရာနေတတ်ရတယ်” ဟု လည်း မိုးညှင်း​တော်လှန်​ရေး ​ဖေစ်ဘွခ်စာမျက်နှာက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဒေသချင်းဆက်စပ်နေသာ ကချင်ပြည်နယ် မိုးညှင်းမြို့၊ အင်းတော်မြို့နှင့် စစ်ကိုင်းတိုင်း ထီးချိုင့် မြို့နယ်အတွင်း တိုက်ပွဲများတွင် ယခုရက်ပိုင်းစစ်ကောင်စီအထိနာနေသည်။ စစ်ကောင်စီက ရှုံးမဲမဲကာ အရပ်သားများအား ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်နေ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကယခင်
ကထက် ပိုမိုပြင်းထန်စွာတိုက်ခိုက်နေခြင်းဖြစ်သည်။မိုညှင်း၊အင်းတော်နှင့် ထီးချိုင့်ဒေသတွင် ယခုရက်ပိုင်းဖြစ်ပွားသော တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်ကအများအပြားကျဆုံးပြီး အင်းတော်နှင့် ထီးချိုင့်လမ်းတွင် တစ်နေ့တည်း စစ်ကားအစီးရေ ၃၀ မိုင်းဆွဲခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook