Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးညှင်း​ကောလိပ်အတွင်းတပ်စွဲထား​သောစစ်​ကောင်စီတပ်ကိုတိုက်ခိုက်မှုဗိုလ်မှူးအပါသေသူ၆ဦးထပ်တိုး၊ စုစုပေါင်း၁၆ဦး​သေ

“စစ်ခွေးတွေနဲ့ပါတ်သက်သူမှန်သမျှကိုအရေးယူတော့မယ်လို့နောက်ဆုံးသတိပေးမယ်။မင်းတို့ အသည်းကို တစ်စဆီဆွဲဖြဲပစ်မယ်။ဒီနေ့မနက်က နမူနာပဲပြသေးတာ။နောက်ထပ်တက္ကသိုလ်ထဲမှာ ​ကျောင်းသား‌တွေကိုပဲ မြင်ချင်တယ်။ခွေးဆိုတာ တော်ရာတန်ရာနေတတ်ရတယ်” ဟု လည်း မိုးညှင်း​တော်လှန်​ရေး ​ဖေစ်ဘွခ်စာမျက်နှာက သတိပေးထားသည်။

(ကချင်​ဒေသPDFတက်ဖွဲ့ဝင်တစ်ဦး/ မိုးညှင်းမြို့အဝင်ဆိုင်းဘုတ် ။ဓါတ်ပုံ-KPDF/CJ)

မိုးညှင်းကောလိပ်ဝန်းအတွင်း တပ်စွဲထားသည့် အကြမ်းဖမ်းစစ်ကောင်စီကို KIAနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက ယ​နေ့တိုက်ခိုက်မှုတွင် စစ်​ကောင်စီဘက်မှ ​သေဆုံးသူများတွင် ဗိုလ်မှူးတစ်ဦးပါဝင်ပြီး ၆ ဦးထပ်တိုး​ကြောင်း မိုးညှင်း​တော်လှန်​ရေး​ဖေစ်ဘွခ်စာမျက်နှာကထုတ်ပြန်သည်။

ယ​နေ့​နေ့ခင်းပိုင်းတွင် အဆိုပါတိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦး​သေဆုံး​ကြောင်းကနဦးထုတ်ပြန်ထားသည်။ထို​ကြောင့် ​ခြောက်ဦးထပ်တိုး၍စစ်​ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင်သေဆုံးသူစုစု​ပေါင်းမှာ ၁၈ဦး ဖြစ်​ကြောင်း တပ်တွင်းဖရဲသီး(သတင်း​ပေး)ကပေးပို့သော သတင်းကိုကိုးကား၍ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဘက်မှ “မ​နေ့ကအ​ကြွေး”ဟုထုတ်ပြန်သည်။

(ကချင်​ဒေသPDFတက်ဖွဲ့ဝင်တစ်ဦး/ မိုးညှင်းမြို့အဝင်ဆိုင်းဘုတ် ။ဓါတ်ပုံ-KPDF/CJ)

အကြမ်းဖမ်းစစ်ကောင်စီတပ်ကို KIA၊ မိုးညှင်းPDF နှင့် မကွေးPDF တို့က ပူးပေါင်း၍ ယနေ့(မတ်လ ၈ရက်) နံနက် သုံးနာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မတ်လ ၇ ရက်တွင် မိုးညှင်းမြို့နယ်တွင် စစ်​ကောင်စီတပ်ကို PDF ပူး​ပေါင်းအဖွဲ့နှင့် KIAတို့က ပူး​ပေါင်းတိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ၂၀ ​ကျော်​သေဆုံးခဲ့​သော်လည်း PDFတပ်ဖွဲ့ဝင် ၇ ဦးကျဆုံးခဲ့သည်။ ထို့​ကြောင့် ယ​နေ့ PDFပူး​ပေါင်းအဖွဲ့ကထပ်မံတိုက်ခိုက်​သွေး​ကြွေး​တောင်းခဲ့ခြင်းဖြစ်သည်။

“စစ်ခွေးတွေနဲ့ပါတ်သက်သူမှန်သမျှကိုအရေးယူတော့မယ်လို့နောက်ဆုံးသတိပေးမယ်။မင်းတို့ အသည်းကို တစ်စဆီဆွဲဖြဲပစ်မယ်။ဒီနေ့မနက်က နမူနာပဲပြသေးတာ။နောက်ထပ်တက္ကသိုလ်ထဲမှာ ​ကျောင်းသား‌တွေကိုပဲ မြင်ချင်တယ်။ခွေးဆိုတာ တော်ရာတန်ရာနေတတ်ရတယ်” ဟု လည်း မိုးညှင်း​တော်လှန်​ရေး ​ဖေစ်ဘွခ်စာမျက်နှာက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဒေသချင်းဆက်စပ်နေသာ ကချင်ပြည်နယ် မိုးညှင်းမြို့၊ အင်းတော်မြို့နှင့် စစ်ကိုင်းတိုင်း ထီးချိုင့် မြို့နယ်အတွင်း တိုက်ပွဲများတွင် ယခုရက်ပိုင်းစစ်ကောင်စီအထိနာနေသည်။ စစ်ကောင်စီက ရှုံးမဲမဲကာ အရပ်သားများအား ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်နေ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကယခင်
ကထက် ပိုမိုပြင်းထန်စွာတိုက်ခိုက်နေခြင်းဖြစ်သည်။မိုညှင်း၊အင်းတော်နှင့် ထီးချိုင့်ဒေသတွင် ယခုရက်ပိုင်းဖြစ်ပွားသော တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်ကအများအပြားကျဆုံးပြီး အင်းတော်နှင့် ထီးချိုင့်လမ်းတွင် တစ်နေ့တည်း စစ်ကားအစီးရေ ၃၀ မိုင်းဆွဲခံခဲ့ရသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။