Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်တွေဆုတ်ခွာဖို့ ကေအဲန်ယူက စာထွက်လာပြီးနာရီပိုင်းအတွင်း လေယာဥ်နဲ့လာပစ်ခတ်

တပ်မဟာ ၆ နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်ကစပြီး စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် လေးကေကော်မြို့သစ်အပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာတွေက ပြည်သူလူထုတွေနဲ့ ကော့ကရိတ်တောင်ပိုင်းက ပြည်သူလူထုတွေဟာ ​ကျေးရွာတွေကိုစွန့်ခွာခဲ့ရပြီး စစ်ဘေးရှောင်နေခဲ့ရတာပါ။

ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေထဲက စစ်ကောင်စီတပ်တွေ ပြန်ဆုတ်ခွာပေးဖို့သတိပေးစာထွက်လာပြီးနာရီပိုင်းအတွင်း လေယာဥ်နဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံအရင်းမြစ်တွေဆီက သိရပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ ဝင်​ရောက်တပ်စွဲအခြေပြုလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ ဒီကနေ့ နောက်ဆုံးထားပြီး ပြန်လည်ဆုတ်ခွာပေးဖို့ တပ်မဟာ ၆ က စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ထံ ဒီကနေ့မှာ စာပေးပို့အကြောင်းကြားခဲ့တာပါ။

အဲဒီစာထွက်လာပြီး နာရီပိုင်းအတွင်းမှာပဲ လေးကေကော်အနီးတစ်ဝိုက်ကို ရဟတ်ယာဥ်သုံးစီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တပ်မဟာ ၆ ရဲ့ သတိပေးစာနဲ့ပတ်သက်လို့ ကေအဲန်ယူ ပြောခွင့်ရသူ ပဒိုစောတောနီးက အခုလိုပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီတပ်တွေက ဘာမှနဖားရှိတာမဟုတ်ပဲ။ နဖားကြိုးလည်းမပါတဲ့လူတွေဆိုတော့လည်း လုပ်ချင်ရာလုပ်နေကြတာပဲလေ။ အနည်းဆုံးကတော့ လုတယ်ယက်တယ်။အဓိကကျနော်တို့ လူထုတွေက ကိုယ့်အိမ်ကိုယ့်အိမ်ပြန်လာချင်လို့တောင် ပြန်လာလို့မှမရတော့တဲ့အနေအထားက ဒီအတိုင်းထိုင်ကြည့်လို့မရတော့ဘူးလို့ ကျနော်တို့က သုံးသပ်ရပါတယ်ဗျာ” လို့ ပဒိုစောတောနီးက ပြောပါတယ်။

Public Service Announcement

တပ်မဟာ ၆ နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်ကစပြီး စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် လေးကေကော်မြို့သစ်အပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာတွေက ပြည်သူလူထုတွေနဲ့ ကော့ကရိတ်တောင်ပိုင်းက ပြည်သူလူထုတွေဟာ ​ကျေးရွာတွေကိုစွန့်ခွာခဲ့ရပြီး စစ်ဘေးရှောင်နေခဲ့ရတာပါ။

အဲ့ဒီတိုက်ပွဲဖြစ်ပွားရာဒေသက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေကို အဓမ္မသိမ်းယူတာ၊ ဖျက်ဆီးတာတွေကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်ကို ပြန်လည်နေထိုင်ခြင်းမပြုရဲတဲ့ အခြေအနေကို ရောက်ရှိနေရတယ်လို့ တပ်မဟာ ၆ က ဆိုပါတယ်။

ဒါကြောင့် ကေအဲန်ယူအနေနဲ့ ကရင်ပြည်သူလူထုရဲ့ ရင်ဆိုင်နေရတဲ့ ဒုက္ခနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ကူညီဖြေရှင်းဖို့အတွက် တာဝန်ရှိပြီး ပြည်သူတွေအေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ဖို့အတွက် စစ်ကောင်စီအနေနဲ့ လေးကေကော်နဲ့ ကော့ကရိတ်ဒေသကနေ သုံးရက်အတွင်းပြန်လည်ထွက်ခွာဖို့ တပ်မဟာ ၆ က အသိပေးထားတာဖြစ်ပါတယ်။

“တပ်မဟာ ၆ ကတော့ သူ့ရဲ့နယ်မြေလုံခြုံရေးအရ သူတာဝန်ယူထားတဲ့အပေါ်မှာ သူလုပ်သင့်လုပ်ထိုက်တာတော့ လုပ်သွားမှာပဲလေ” လို့ ပဒိုစောတောနီးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ သုံးရက်အတွင်း ပြန်လည်ဆုတ်ခွာခြင်းမပြုပါက နောက်ပိုင်းဖြစ်ပေါ်လာမယ့် အကျိုးဆက်ပြသနာတွေဟာ ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ရဲ့ တာဝန်မဟုတ်ကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တာဝန်သာဖြစ်တယ်လို့ တပ်မဟာ ၆ က စစ်ကောင်စီထံ စာပေးပို့ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို