Connect with us

Hi, what are you looking for?

LuduNwayOo

News

ခင်ဦးနယ် သိမ်​တော်ရွာကို စစ်​ကောင်စီတပ် ဝင်စီးပြီး​​ PDF ၁၁ဦးနှင့် ​ဒေသခံသုံးဦးကို သတ်ဖြတ်

သိမ်တော်ကျေးရွာကို စီးနင်းပြီးနောက် ဖမ်းဆီးထားသည့် ပြည်သူသုံးဦးနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ဦးကို သတ်ဖြတ်ပြီးအလောင်းများကို လယ်ကွင်းပြင်၌ ပစ်ထားခဲ့သည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ သိမ်တော်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ဦးနှင့် ပြည်သူ သုံးဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ယနေ့ (မတ်လ ၉ရက်)တွင် ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ မတ်လ ၈ရက် နံနက် ၁၀နာရီခန့်တွင်သိမ်တော်ကျေးရွာကို လက်နက်ကြီီးများဖြင့် ပစ်ခတ် စီးနင်းခဲ့ပြီးနောက် ကျွန်းလည်ကျေးရွာမှ ပြည်သူသုံးဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ဝင်ရောက်ခဲ့သည်။

သိမ်တော်ကျေးရွာကို စီးနင်းပြီးနောက် ဖမ်းဆီးထားသည့် ပြည်သူသုံးဦးနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ဦးကို သတ်ဖြတ်ပြီးအလောင်းများကို လယ်ကွင်းပြင်၌ ပစ်ထားခဲ့သည်။

ဖေဖော်ဝါရီလအတွင်းကလည်း ခင်ဦးမြို့နယ် ကံကြီးကုန်းရွာအနီးတိုက်ပွဲနှင့် သရက်ကန်ရွာတိုင်ပွဲ၌ ပြည်သူ့ရဲဘော် ၁၇ဦး ကျဆုံးထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်၍ ကျေးရွာများကို နေ့စဥ် ထိုးစစ်ဆင်၍ မီးရှို့ လူသတ်မှုများ ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။