Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆော-ကျောက်ထုကြားတွင် စစ်ကောင်စီတပ် နှစ်ရက် ဆက်တိုက်ခိုက်ခံရပြီး ၁၅ဦးထက်မနည်းသေဆုံးဟု ဆော PDF ​ပြော

မတ်လ ၇ရက်မှ ဆောမှ ကျောက်ထုမြို့သို့ ဦးတည်လာသည့် အင်အား ၁၅၀ကျော်ပါ စစ်ကောင်စီတပ်ကို မတ်လ ၈ရက်နှင့် ၉ရက်တို့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးနှင့်အထက် သေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - ​The Youth Force (Saw&Kyaukhtu)

မကွေးတိုင်း ဆောမြို့နယ်မှ ကျောက်ထုမြို့သို့ ဦးတည်ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဆောပြည်သူ့ကာကွယ်ရေးတပ်(PDF)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ဆော PDFက သတင်းထုတ်ပြန် သည်။

ဓာတ်ပုံ – ​The Youth Force (Saw&Kyaukhtu)

မတ်လ ၇ရက်မှ ဆောမှ ကျောက်ထုမြို့သို့ ဦးတည်လာသည့် အင်အား ၁၅၀ကျော်ပါ စစ်ကောင်စီတပ်ကို မတ်လ ၈ရက်နှင့် ၉ရက်တို့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးနှင့်အထက် သေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

“ နေရာက ကချောင်းနဲ့ ဆောအကြားမှာ ။ ကချောင်းက ဆောနဲ့ ၉မိုင်အကွာမှာရှိတဲ့ရွာ။ သူတို့ကို မိုင်းဆွဲပစ်တာပေါ့။ သူတို့က စစ်ကြောင်းထိုးနေတာ ၁၆စီးနဲ့။ အခုထိ ကံကြီးကို မရောက်သေးဘူးဆိုတော့ ကံကြီးနဲ့ ၁၈မိုင်ကွာတာကို သုံးညအိပ်ရှိပြီ။ ကျောက်ထုနဲ့ ဆောနဲ့က ၂၅မိုင်ကွာတာ။ သူတို့က ဖြေးဖြေး မိုင်းရှင်းရင်း တောတွေနင်းပြီးလာတာ ဒါတွေကိုပဲ ခြုံခိုပြီးမှ တိုက်ကြတာ”ဟု ဆော PDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါလမ်းပိုင်း၌ ယခုရက်ပိုင်းအတွင်းဖြစ်ခဲ့သည့် တိုက်ပွဲများ၌ PDFများ ထိခိုက်မှုမရှိခဲ့ကြောင်း ဆော PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ​The Youth Force (Saw&Kyaukhtu)

တိုက်ပွဲများအတွင်းပြည်သူ့ရဲဘော်များ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ ဒေသခံများမှ “PDFများ တိုက်ပွဲတိုင်းအောင်မြင်ပါစေ” ဟူသော ကြွေးကြော်သံများနှင့်အတူ အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြသည်ဟု PDF-SAW က အသိပေးသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဆောနှင့် (၁၂) မိုင်ခန့်အကွာဒေသသို့ ရောက်ရှိနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။