Connect with us

Hi, what are you looking for?

News

ရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့ စီစဥ်နေ

တန်းစီဇယားအရ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်ခွင့်ရပါက မြင့်မြတ် ၊ယုန်လေးတို့ ပါဝင်သရုပ်ဆောင်ထားသည့် အော်ရီဂျင်နယ်ဂန်းစတား ၃ ရုံတင်ရမည်ဖြစ်သည်။

ကိုဗစ်ပထမလှိုင်းကတည်းက ပိတ်ထားသည့် ရုပ်ရှင်ရုံများကို မြန်မာ့နှစ်ဆန်း ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေကြောင်း ရုပ်ရှင်အစည်းအရုံး တာတန်ရှိသူတစ်ဦးကပြောကြားသည်။

“ပြန်ဖွင့်ဖို့တော့ ဆွေးနွေးနေကြတယ်။ နှစ်ဆန်းတစ်ရက်နေ့လောက်ဖွင့်နိုင်အောင် စီစဉ်နေတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ရုပ်ရှင်ရုံများကို မြန်မာနိုင်ငံတွင် ကိုဗစ်စတင်တွေ့ရှိသည့် ၂၀၂၀ မတ်လအတွင်း၌ စတင်ပိတ်ခဲ့ခြင်းဖြစ်ပြီး ပိတ်ထားသည်မှာ နှစ်နှစ်ပြည့်တော့မည်ဖြစ်သည်။

“ဘယ်ဇာတ်ကားတွေရုံတင်မလဲဆိုတာလည်း ဆွေးနွေးနေတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

တန်းစီဇယားအရ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်ခွင့်ရပါက မြင့်မြတ် ၊ယုန်လေးတို့ ပါဝင်သရုပ်ဆောင်ထားသည့် အော်ရီဂျင်နယ်ဂန်းစတား ၃ ရုံတင်ရမည်ဖြစ်သည်။

သို့သော်လည်း ပြည်သူများက အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံသည့် အနုပညာရှင်များပါဝင်သည့် ဇာတ်ကားများ ပြသပါက ကြည့်ရှုခြင်းမပြုရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"The White Balloon ကို ခံစားခြင်း"

သရော်စာ

လော့စ်အိန်ဂျလိစ် (Los Angeles) ရဲ့ နံနက်ခင်းတစ်ခု... ဘီဗာလီဟေးလ်စ် (Beverly Hills)က ခမ်းနားတဲ့ အိမ်ကြီးထဲမှာ ဟောလိဝုဒ် နာမည်ကျော် မင်းသမီးကြီး ဒယ်မီမိုး (Demi Moore) ဟာ ကော်ဖီခွက်ကိုင်ရင်း ဖုန်းမျက်နှာပြင်ပေါ်က သတင်းတွေကို မျက်မှောင်ကြုံ့ကာ ကြည့်နေတယ်။

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

ဆောင်းပါး

စစ်အာဏာသိမ်းကာလမှာ ယက်ကန်ယက်ကန်နဲ့ သွားနေရတဲ့ မြန်မာရုပ်ရှင်တွေဟာ တစ်ကားပြီးတစ်ကား အရှုံးတွေဆက်ကာ ရုံတင်နေရတာကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရုံတင်ခဲ့တဲ့ တန်းဝင်မင်းသား နေတိုးရဲ့ ဖွားဖက်တော် ရုပ်ရှင်ကတော့ ကြည့်ရှုသူ ဆိုးဆိုးရွားရွားနည်းပါးခဲ့ပါတယ်။