Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏ မတရားသော အမိန့်ချမှတ်ခြင်းက ခံယူချက်၊ ယုံကြည်ချက်ယိမ်းယိုင်မည်မဟုတ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမြအေး ပြော

အကြမ်းဖက်စစ်ကောင်စီက မည်သို့သော စီရင်ချက်ချစေကာမူ ခံယူချက်၊ ယုံကြည်ချက် ယိမ်းယိုင်မည်မဟုတ်ကြောင်း ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမြအေးက ​သတင်းစကားပါးသည်။

ပြည်သူ့ဘဝအမောများကြားမှ လွတ်မြောက်ရေး ၈၈ မျိုးဆက်များ၏ တာဝန်ဟုတိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီက မည်သို့သော စီရင်ချက်ချစေကာမူ ခံယူချက်၊ ယုံကြည်ချက် ယိမ်းယိုင်မည်မဟုတ်ကြောင်း ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမြအေးက ​သတင်းစကားပါးသည်။

ယမန်နေ့(မတ်လ ၁၀ ရက်) တွင် ကျရောက်သော ဦးမြအေး၏ ၅၆ နှစ်မြောက်မွေးနေ့တွင် အကြမ်းဖက်စစ်ကောင်စီက ဦးမြအေးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီးနောက် ၎င်း၏ သမီးဖြစ်သူ မ​ဝေနှင်းပွင့်သုန်က ဖခင်၏ ထောင်တွင်း အမှာစကားကို ​ယ​နေ့ ဖစ်ဘွခ်မှတစ်ဆင့်
လူထုအား အသိပေးခြင်းဖြစ်သည်။

“ကျနော်ဟာ တိုင်းပြည်အတွက်အလုပ်လုပ်လာတယ်။ ပြည်သူလူထုဆန္ဒကို ကျနော်တို့ဦးထိပ်ထားတယ်။တိုင်းပြည်ကောင်းစေချင်လို့ အလုပ်လုပ်တယ်။ နိုင်ငံရေးသမားတစ်ယောက်အတွက်ကြမ်းတမ်းတဲ့လမ်းတွေ လျှောက်ရတာ သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး” ဟု ဦးမြအေးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်လက်၍ ဦးမြအေးက မြန်မာပြည်ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရှင်သန်ရေးနှင့် ပြည်သူ့ဘဝ အမောများကြားမှ လွတ်မြောက်ရေးမှာ ၈၈ မျိုးဆက်များ၏ တာဝန်ဖြစ်ကြောင်း ဦးမြအေးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။