Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီ၏ မတရားသော အမိန့်ချမှတ်ခြင်းက ခံယူချက်၊ ယုံကြည်ချက်ယိမ်းယိုင်မည်မဟုတ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမြအေး ပြော

အကြမ်းဖက်စစ်ကောင်စီက မည်သို့သော စီရင်ချက်ချစေကာမူ ခံယူချက်၊ ယုံကြည်ချက် ယိမ်းယိုင်မည်မဟုတ်ကြောင်း ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမြအေးက ​သတင်းစကားပါးသည်။

ပြည်သူ့ဘဝအမောများကြားမှ လွတ်မြောက်ရေး ၈၈ မျိုးဆက်များ၏ တာဝန်ဟုတိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီက မည်သို့သော စီရင်ချက်ချစေကာမူ ခံယူချက်၊ ယုံကြည်ချက် ယိမ်းယိုင်မည်မဟုတ်ကြောင်း ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမြအေးက ​သတင်းစကားပါးသည်။

ယမန်နေ့(မတ်လ ၁၀ ရက်) တွင် ကျရောက်သော ဦးမြအေး၏ ၅၆ နှစ်မြောက်မွေးနေ့တွင် အကြမ်းဖက်စစ်ကောင်စီက ဦးမြအေးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီးနောက် ၎င်း၏ သမီးဖြစ်သူ မ​ဝေနှင်းပွင့်သုန်က ဖခင်၏ ထောင်တွင်း အမှာစကားကို ​ယ​နေ့ ဖစ်ဘွခ်မှတစ်ဆင့်
လူထုအား အသိပေးခြင်းဖြစ်သည်။

“ကျနော်ဟာ တိုင်းပြည်အတွက်အလုပ်လုပ်လာတယ်။ ပြည်သူလူထုဆန္ဒကို ကျနော်တို့ဦးထိပ်ထားတယ်။တိုင်းပြည်ကောင်းစေချင်လို့ အလုပ်လုပ်တယ်။ နိုင်ငံရေးသမားတစ်ယောက်အတွက်ကြမ်းတမ်းတဲ့လမ်းတွေ လျှောက်ရတာ သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး” ဟု ဦးမြအေးက ပြောသည်။

ဆက်လက်၍ ဦးမြအေးက မြန်မာပြည်ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရှင်သန်ရေးနှင့် ပြည်သူ့ဘဝ အမောများကြားမှ လွတ်မြောက်ရေးမှာ ၈၈ မျိုးဆက်များ၏ တာဝန်ဖြစ်ကြောင်း ဦးမြအေးက ပြောသည်။