စစ်ကိုင်းတိုင်း မြောင်မြို့နယ် မရိုးကုန်းကျေးရွာ တံတားအနီး အကြမ်းဖက်စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ဦးသေဆုံးကြောင်း မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။
တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ (မတ်လ ၁၁ ရက်) ည ၉နာရီခန့်ကဖြစ်ပြီး မြောင်မြို့ပေါ်မှဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မရိုးကုန်းကျေးရွာတံတားအနီး အရောက်တွင် မိုင်းများဆွဲ ခြင်း၊လက်နက်ငယ်များဖြင့် ဆီးကြိုတိုက်ခိုက်ခြင်းတို့ပြုလုပ်ခဲ့သည်ဟု T.G.R က ဆိုသည်။
ယမန်နေ့ညပိုင်းတိုက်ပွဲ၌ 11Brothers Revolu tion Forces(11BRF Myaung)၊မြောင်မြို့ နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်၊ Zamani Revolution Forces (MMU) ၊စစ်ကိုင်းခရိုင်တပ်ရင်း၁ နှင့်မြောင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM တို့မှ ပူးပေါင်စတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

Public Service Announcement
တိုက်ပွဲအတွင်း ပြည်သူကာကွယ်ရေးရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။


















































