Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စွဲထားသည့် ခရမ်းထွေအုပ်ရုံး တိုက်ခိုက်ခံရ၊ တစ်ဦးဒဏ်ရာရ

ယနေ့(မတ် ၁၃)နံနက် ၁၁ နာရီခွဲခန့်က ခရမ်းမြို့ ဘုရားလမ်းပေါ်ရှိ မြို့နယ်ထွေအုပ်ရုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အအုံအနည်းငယ်ထိခိုက်ကာ စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ခရမ်းမြို့တွင်း တစ်နေရာအား တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်များ လနှင့်ချီတပ်စွဲထားသည့် ခရမ်းမြို့နယ်အ​ထွေထွေအုပ်ချုပ်​ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မတ် ၁၃)နံနက် ၁၁ နာရီခွဲခန့်က ခရမ်းမြို့ ဘုရားလမ်းပေါ်ရှိ မြို့နယ်ထွေအုပ်ရုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အအုံအနည်းငယ်ထိခိုက်ကာ စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ယနေ့နံနက် ၁၀နာရီခွဲခန့်ကလည်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကန်သာဘုန်းကြီးကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှုမရှိဟု ဒေသခံများက ဆိုသည်။

Public Service Announcement

“ဖြစ်တာ နှစ်နေရာဖြစ်တယ်။ ပထမဖြစ်တာက ကန်သာကျောင်းနား၊ နောက်တစ်ခုက မြို့တော်ခန်းမနားက ထွေအုပ်ရုံးမှာ ဖြစ်တာ။ ဖြစ်ဖြစ်ချင်း မြို့ထဲမှာလူကို ရှင်းလို့။ ဒီညနေပိုင်းမှ တ ချို့ဆိုင်တွေ ပြန်ဖွင့်တာရှိတယ်။ အများစု စော စောပိတ်ထားကြတယ်”ဟု ခရမ်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ခရမ်းမြို့တွင် မတ်လ ၁၀ရက်က စစ်ကောင်စီသတင်းပေးဒလန်နှစ်ဦး ပတ်သတ်ခံရပြီးနောက် မြို့အဝင်အထွက်လမ်းများကို ယနေ့(မတ် ၁၃)အထိ စစ်ကောင်စီတပ်က ပိတ်ဆို့ထားဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။