Connect with us

Hi, what are you looking for?

News

ကျောက်ထု – ပခုက္ကူနှင့် ကျောက်ထု – ထီးလင်းလမ်းပိုင်း အသုံးမပြုရန် အရေးပေါ်သတိပေးချက် ထုတ်ပြန်

သေရေးရှင်ရေးကိစ္စများအတွက် သွားလာရန်လိုအပ်ပါကလည်း ကျောက်ထု PDF ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းပေးရန် နှင့် လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်အား ပြန် လည် အသိပေးမည်ဟု ဆိုသည်။

(ကျောက်ထုဒေသတွင်း စစ်ကောင်စီတပ်ကားများ လှုပ်ရှားသွားလာနေစဥ်)

မကွေးတိုင်း ကျောက်ထု – ပခုက္ကူနှင့် ကျောက်ထု – ထီးလင်းလမ်းပိုင်းများကို ပြည်သူများ အသုံးမပြုရန် ကျောက်ထုPDF က ယနေ့(မတ်လ ၁၆ ရက်) အရေးပေါ် သတိပေးချက် ထုတ်ပြန်သည်။

“တိုက်ပွဲ ဖြစ်နိုင်ခြေ အရမ်းမြင့်နေတယ်။ပြည်သူတွေကို ကြားမညပ်စေချင်ဘူး။ ဒါကြောင့် သေသေချာချာလိုက်နာပါလို့ တိုက်တွန်းချင်တယ်”ဟု ကျောက်ထု PDF တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ယနေ့(မတ် ၁၆ ရက်) နံနက်ပိုင်းကစ၍ ကျောက်ထုအမြှောက်တပ်မှ အကြမ်းဖက်စစ် ကောင်စီ တပ်သား ၁၂၀ခန့်သည် စစ်ဆင်ရေးထွက်လာ သည်ကိုလည်း ထောက်လှမ်းသိရှိထား ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ခန့်မှန်းထားတာ။အခုရက်ပိုင်း မုံရွာဘက်ကနေ မတူပီဘက်ကို ရိက္ခာယာဥ်တန်း တက်မယ်။အဲဒီအတွက် အခုသတိပေးထားတဲ့လမ်းပိုင်းတွေမှာ ကင်းပုန်းဝပ်ကြလိမ့်မယ်”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

သေရေးရှင်ရေးကိစ္စများအတွက် သွားလာရန်လိုအပ်ပါကလည်း ကျောက်ထု PDF ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းပေးရန် နှင့် လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်အား ပြန် လည် အသိပေးမည်ဟု ဆိုသည်။

ယခုလ ၈ရက်ကလည်း ကျောက်ထုမြို့နယ်အတွင်း ကင်းလှည့်စစ်ကောင်စီတပ် ကို ပြည်သူ့ ကာကွယ်ရေးတပ်မှ တိုက်ခိုက်နိုင်ခဲ့ပြီး အနည်းဆုံးခုနှစ်ဦးသေဆုံး ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။