Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ထု – ပခုက္ကူနှင့် ကျောက်ထု – ထီးလင်းလမ်းပိုင်း အသုံးမပြုရန် အရေးပေါ်သတိပေးချက် ထုတ်ပြန်

သေရေးရှင်ရေးကိစ္စများအတွက် သွားလာရန်လိုအပ်ပါကလည်း ကျောက်ထု PDF ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းပေးရန် နှင့် လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်အား ပြန် လည် အသိပေးမည်ဟု ဆိုသည်။

(ကျောက်ထုဒေသတွင်း စစ်ကောင်စီတပ်ကားများ လှုပ်ရှားသွားလာနေစဥ်)

မကွေးတိုင်း ကျောက်ထု – ပခုက္ကူနှင့် ကျောက်ထု – ထီးလင်းလမ်းပိုင်းများကို ပြည်သူများ အသုံးမပြုရန် ကျောက်ထုPDF က ယနေ့(မတ်လ ၁၆ ရက်) အရေးပေါ် သတိပေးချက် ထုတ်ပြန်သည်။

“တိုက်ပွဲ ဖြစ်နိုင်ခြေ အရမ်းမြင့်နေတယ်။ပြည်သူတွေကို ကြားမညပ်စေချင်ဘူး။ ဒါကြောင့် သေသေချာချာလိုက်နာပါလို့ တိုက်တွန်းချင်တယ်”ဟု ကျောက်ထု PDF တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ယနေ့(မတ် ၁၆ ရက်) နံနက်ပိုင်းကစ၍ ကျောက်ထုအမြှောက်တပ်မှ အကြမ်းဖက်စစ် ကောင်စီ တပ်သား ၁၂၀ခန့်သည် စစ်ဆင်ရေးထွက်လာ သည်ကိုလည်း ထောက်လှမ်းသိရှိထား ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ခန့်မှန်းထားတာ။အခုရက်ပိုင်း မုံရွာဘက်ကနေ မတူပီဘက်ကို ရိက္ခာယာဥ်တန်း တက်မယ်။အဲဒီအတွက် အခုသတိပေးထားတဲ့လမ်းပိုင်းတွေမှာ ကင်းပုန်းဝပ်ကြလိမ့်မယ်”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

သေရေးရှင်ရေးကိစ္စများအတွက် သွားလာရန်လိုအပ်ပါကလည်း ကျောက်ထု PDF ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းပေးရန် နှင့် လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်အား ပြန် လည် အသိပေးမည်ဟု ဆိုသည်။

ယခုလ ၈ရက်ကလည်း ကျောက်ထုမြို့နယ်အတွင်း ကင်းလှည့်စစ်ကောင်စီတပ် ကို ပြည်သူ့ ကာကွယ်ရေးတပ်မှ တိုက်ခိုက်နိုင်ခဲ့ပြီး အနည်းဆုံးခုနှစ်ဦးသေဆုံး ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကားအစီးရေ ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှထွက်လာပြီး မတ်လ ၂၃ ရက်တွင် ကမ္မမြို့သို့ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့‌မရောက်ခင် ကာကွယ်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"မိုင်းတွေရော၊ ဒရုန်းဗုံးရောမိတာ။ မြေပြင်အဖွဲ့တွေလူစုကွဲနေပြီး ဂစဥ့်ကလျားဖြစ်နေတယ်။ စစ်သုံးဒရုန်းတွေလည်း ပျက်စီးတယ်ကြားတယ်" ဟု ဒေသကာကွယ်ရေးဘော်တဦးကပြောသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။