Connect with us

Hi, what are you looking for?

News

ဟိုပင်မြို့လက်ဖက်ရည်ဆိုင်တွင်ရဟန်းပြည်သူရှစ်ဦးကို​သေနတ်ဖြင့်ပစ်သတ်ခဲ့​သောအဖွဲ့မှပျူ​ခေါင်း​ဆောင်ကို PDF သုတ်သင်

ဟိုပင်မြို့တွင် ပျူစောထီးခေါင်းဆောင်အဖြစ်နာမည်ကြီးပြီး စစ်တပ်ကျောထောက်နောက်ခံရှိနေ၍ မြို့ခံများက သတိထားရှောင်ကြဉ်နေရသည့် အောင်မျိုးသန့်ဆိုသူကို ယနေ့(မတ် ၁၆ရက်)တွင် သုတ်သင်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။

(ပြီးခဲ့သည့်နိုဝင်ဘာလက မျက်နှာဖုံးစွပ်​သေနတ်သမားများပစ်ခတ်မှု​​ကြောင့်​သေဆုံး ၊ဒဏ်ရာ ရသူများကို သယ်ယူရန်ပြင်ဆင်​နေစဥ်။ ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် ၊ဟိုပင်မြို့ရှိ လက်ဖက်ရည်ဆိုင်တွင်သံဃာတော်တစ်ပါးနှင့်က​လေးငယ်နှစ်ဦးအပါအဝင်အရပ်သားခုနှစ်ဦးအား​သေဆုံး​စေခဲ့ပြီးအများအပြားဒဏ်ရာရရှိ​စေခဲ့​သော ပျူစောထီးခေါင်းဆောင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ သုတ်သင်လိုက်သည်။

ဟိုပင်မြို့တွင် ပျူစောထီးခေါင်းဆောင်အဖြစ်နာမည်ကြီးပြီး စစ်တပ်ကျောထောက်နောက်ခံရှိနေ၍ မြို့ခံများက သတိထားရှောင်ကြဉ်နေရသည့် အောင်မျိုးသန့်ဆိုသူကို ယနေ့(မတ် ၁၆ရက်)တွင် သုတ်သင်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။

“လဘက်ရည်ဆိုင်ထိုင်နေတဲ့ အပြစ်မဲ့ပြည်သူနဲ့သံဃာတွေကို ပစ်သတ်သွားတဲ့ အကြမ်းဖက်စစ်ခွေးဘောမ ပျူစောထီးခေါင်းဆောင်အောင်မျိုးသန့်ကို ဟိုပင်PDFညီငယ်များမှ တမလွန်သို့ပို့ဆောင်ခဲ့”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Mohnyin Revolution Force က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

အောင်မျိုးသန့်ဦးဆောင်သော ပျုစောထီးအဖွဲ့သည် ၂၀၂၁ နိုဝင်ဘာလ ၇ ရက်က ဟိုပင်မြို့လမ်းဆုံရှိ လူစည်ကား​သောလက်ဖက်ရည်ဆိုင်ကို သေနတ်ဖြင့် ဝင်ပစ်ရာအသက် ၇ နှစ်အရွယ်နှင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး၊ ရဟန်းတစ်ပါးအပါအဝင် နေရာ၌ပင် သေဆုံးခဲ့သူ ၆ ဦးရှိပြီး လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသူ ၁၃ ဦးနှင့် လက်ဖက်ရည်ဆိုင်၏ မုန့်ဆရာ အမျိုးသားတစ်ဦးစုစု​ပေါင်း၁၄ ဦး​သေနတ် ထိမှန်ဒဏ်ရာရခဲ့သည်။ ကျူးလွန်သူများမှာ မျက်နှာဖုံးစွပ်တပ်​​မောင်ပြန်​သေနတ်များကိုင်​ဆောင်ထားသူ ၄၊၅ ဦးဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။ထိုထဲတွင် ​အောင်မျိုးသန့်မှာ အဓိကဦး​ဆောင်သူဟု PDF များကသုံးသပ်ထားသည်။

Public Service Announcement

Public Service Announcement

“အောင်မျိုးသန့်က စစ်တပ်အားကိုးနဲ့ ဗိုလ်ကျ‌နေတဲ့သူ။ အခုတော့ ဇာတ်သိမ်းသွားပြီ။ သေနတ်နဲ့အပစ်ခံရတာ နေရာမှာတင်သေတာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

“သင်တိုသည်လွန်ခဲ​သော နိုဝင်ဘာ ၇ ရက်​နေ့က ဟိုပင်မြို့ တွင်လက်ဖက်ရည်ဆိုင်ထဲရှိ​နေ​သော ဆိုင်ပိုင်ရှင်မိသားစုက​လေးသူငယ်များ ရဟန်းသံဃာအပါ ရက်ရက်စက်စက်ပစ်သတ်သွား​ခြင်းအမှုကို ရက်စက်ယုတ်မာစွာပြုလုပ်ခဲ့ကြသည်။ထို​ကြောင့်ယ​နေ့မှစ၍ ဟိုပင်မြို့မှ ငရဲသို့​မှောက်ခုံသွားနိုင်​စေရန် ကူညီလိုက်သည်။ သင့်အတွက် ဆီပူအိုး မီးထိုးပြီးသား အသင့်ရှိ​​နေပါပြီ -လူယုတ်မာ​တွေကိုတရားစီရင်ခွင့်မရရင်အိပ်မ​​ပျော်တဲ့ ဗိုလ်တော”ဟု မိုးညှင်း​တော်လှန်​ရေး​ပေချ်က​ဖော်ပြထားသည်။

ယင်းကဲ့သို့ ရက်စက်ယုတ်မာခဲ့သည့် လုပ်ရပ်အတွက် အောင်မျိုးသန့်အား သုတ်သင်လိုက်ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောထားသည်။ ပြည်သူများသတ်ဖြတ်ခံရပြီး​နောက် ဟိုပင်PDF က ပြည်သူများအတွက်လက်တုံ့ပြန် မည်ဟု​ကြေညာထားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ