Connect with us

Hi, what are you looking for?

News

မှော်ဘီတွင် ထီးတင်ပွဲမှပြန်လာ​သော တပ်အရာရှိယာဥ်တန်း တိုက်ခိုက်ခံရ

ယင်းစစ်ဆင်ရေးကို ACPLF အပြင် မှော်ဘီ့ရင်သွေးတပ် ၊ မှော်ဘီ PDF တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အတွင်း၌ ဘုရားထီးတင်ပွဲမှပြန်လာသည့် စစ်ဘက်ဆိုင်ရာ အကြီးအကဲ၏ ယာဉ်တန်းကို အဝေးထိန်းဗုံးနှစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ACPLF)က သတင်းထုတ်ပြန် သည်။

မတ်လ ၁၆ ရက် နေ့လယ်၁၁ နာရီခန့်က မှော်ဘီမြို့နယ် မျောက်ချောကုန်းကျေးရွာရှိ ဘုရားထီးတင်ပွဲမှပြန်လာသည့် စစ်ဘက်ဆိုင်ရာ အကြီးအကဲ မိသားစုနှင့် နောက်လိုက်နောက်ပါများ၏ ယာဉ်တန်းကို မြို့ချောင်းလမ်းဆုံ၊ ဆောက်လက်စ တိုးဂိတ်အနီး၌ အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ပထမတစ်လုံးသည် ယာဥ်တန်း၏ထိပ်ဆုံးမှမောင်းနှင်လာသော ဒီစီတစ်စီးအားထိမှန်ပြီး ကားရပ်သွားကာ ကားပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဆင်းလာပြီးကြည့်ရှုစစ်ဆေးချိန်တွင် နောက်ထပ်တစ်လုံးထပ်မှန်ဖောက်ခွဲ လိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိနိုင်ပြီး လုံခြုံရေးအခြေအနေအရ အတိအကျကို စုံစမ်း၍ မရခဲ့ကြောင်းပြည်သူအား အသိပေးတင်ပြအပ်ပါသည်”ဟု ACPLFက ထုတ်ပြန်ထားသည်။

ယင်းစစ်ဆင်ရေးကို ACPLF အပြင် မှော်ဘီ့ရင်သွေးတပ် ၊ မှော်ဘီ PDF တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။